Part_8

720 88 26
                                    

[Unicode]ရင်ခွင်ထဲမှာတသိမ့်တသိမ့်တုန်ယင်ကာရှိုက်ငိုနေသောကလေးငယ်မှာတကယ်ကိုအူယားစရာလေးပင်။ငိုလို့ဝတော့ သူ့ကိုပြူးကြောင်ကြောင်ဖြင့်် မော့ကြည့်လာပြန်တယ်။
JH : ယွန်းလေး~ငိုလို့ဝပီလား
YG : sob* ဟုတ်
JH : အဲ့တာဆို ထ!ရေသွားချိုးတော့ ခနနေရင်အပြင်သွားစရာရှိတယ် ယွန်းလေးလိုက်ခဲ့ရမယ်
YG : ဘယ်ကိုလဲဟင်
JH : အဲ့တာကရောက်တော့သိရမှာပေါ့
YG : ဟုတ်ကဲ့အဲ့တာဆို ကျွန်တော်ရေသွားချိုးတော့မယ်။Arrrဒါနဲ့လေ..ဦးငယ်..ဟို..ဟို..
JH : ဘာလို့လဲ ယွန်းလေး ပြောလေ
YG : ကျွန်တော့မှာ ရေချိုးပီးရင်..ဝတ်ဖို့..မ ရှိ လို့..
JH : အော်..ဒါများယွန်းလေးရယ် ဦးငယ်အင်္ကျီတွေယူဝတ်လေ။သွား ရေသွားချိုးနှင့်ဦးငယ် ငယ်ငယ်ကအကျီတွေရှိသေးတယ် ယွန်းလေးအတွက်အဆင်ပြေတာထုတ်ပေးထားမယ်နော်
YG : ဟုတ် ကျေးဇူးပါဦးငယ် ဟီးးး

ကျေးဇူးတင်ကြောင်းပြောပီးအပေါ်ထပ်ကိုလုံးလုံး လုံးလုံးဖြင့်ပြေးတက်သွားသော ကောင်လေးကိုကြည့်ပြီး JH သူ့ဘာသူပြုံးမိလို့ပြုံးမိမှန်းမသိပြုံးနေမိတယ်။ ထိုစဉ်..

အိမ်တော်ထိန်း : သခင်လေး~
တစ်ကိုယ်တည်းထိုင်ခုံမှာထိုင်ပီးဘယ်သူမှမရှိတဲ့လှေကားကြီးကိုကြည့်ကာပြုံးဖြီးနေသောသူ၏သခင်လေးကိုခေါ်လိုက်မိတယ်။သို့ပေမဲ့ဟိုကမကြား ပြုံးမြဲပဲ။အဲ့တာနဲ့ထပ်ခေါ်တယ်။
'သခင်လေး´
ဒုတိယအကြိမ်လဲမကြား😑ဒီတစ်ခါတော့ အော်ခေါ်လိုက်တော့သည်။
'သ ခင် လေး!!!´
ဒါပေမဲ့သူ့ခေါ်လိုက်တဲ့အသံထက်နှစ်ဆပိုကျယ်သောအသံထွက်လာလို့သူ့မှာနားကိုအမြန်ပိတ်လိုက်ရတယ်။

JH : အား!!!!!
လန့်လိုက်တာ ဘာလို့အဲ့လောက်အော်ရတာလဲ!
အိမ်တော်ထိန်း : သခင်လေးကိုကျွန်မခေါ်နေတာကြာပါပီ။သခင်လေးကသာ မကြားဘဲ ပြုံးပြုံးကြီးအတွေးလွန်နေတာပါ။
JH : ဟမ်!ဟုတ်လို့လား ကျွန်တော်ဘယ်မှာပြုံးနေလို့လဲမပြုံးပါဘူး ပြုံးမိရင်လဲပြုံးမိမှာပေါ့
Arrr..တော်ပီ ဆက်မပြောနဲ့တော့ အပြင်သွားစရာရှိတယ် ရေသွားချိုးတော့မယ်။

သူခိုးလူမိလို့ရှက်ပီးတော့သူ့ဘာသာသူပြောချင်ရာတွေပြောပီးထွက်ပြေးသွားတဲ့သခင်လေးကိုအိမ်တော်ထိန်းကြီးကတော့ရီကာခေါင်းတရမ်းရမ်းဖြင့်..

I'm your Guardian AngelWhere stories live. Discover now