[Unicode]ညပိုင်းရောက်တဲ့အခါမှာတော့ Yoongiနဲ့Jin က၂ယောက်တစ်ခန်းထဲအတူတူ အိပ်ကြသည်။ NJကတော့ JHပြင်ဆင်ပေးထားတဲ့ Yoongiနဲ့Jinတို့ရဲ့ ဘေးအခန်းမှာအိပ်သည်။
အိပ်ရာပထမဆုံးပြောင်းအိပ်ရ၍လားမသိ Jinတစ်ယောက် အိပ်မပျော်။ ကြီးမားတဲ့ကျယ်ပြန့်တဲ့ ကုတင်ကြီးထက်ဝယ် Yoongiက ဘေးလေးမှာ ကွေးကွေးလေးနဲ့ အိပ်ပျော်နေချေပီ။Min Yoongiက အိပ်ပျော်ရှာမှာပေါ့ သူ့လူကြီးက phဆက်ပီး Good Nightကောင်းကောင်းအိပ်တောင်ပြောပေးတာ။ သူကတော့ အိပ်မပျော်လဲ အဲ့လိုပြောပေးမဲ့သူမရှိ၊ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက်နဲ့သာ။
အိပ်မပျော်တာနဲ့ နာရီကိုတစ်ချက်ကြည့်မိတော့ 11နာရီခွဲနေပီ။ဆောင်းရာသီရဲ့ လမိုက်ညမို့ အရမ်းအေးသည်။ အိပ်ယာထဲကစောင်တစ်ထည်ကိုခြုံကာ အခန်းအပြင်ကိုထွက်ပီး ဝရန်တာဆီကို လျှောက်လာခဲ့သည်။လမိုက်ညမှာ ကောင်းကင်ကြီးက ကြယ်တွေစုံတတ်တော့ Jinကြယ်တွေကြည့်ဖို့ရန် ထွက်လာခဲ့ခြင်းပင်။ဝရန်တာကိုရောက်တော့.. Joonie hygလဲရှိနေခဲ့သည်။ သေချာတာကတော့ hygလည်းပဲ အိပ်မပျော်လို့ရှေ့ထွက်လာတယ်ထင်။
ဝရန်တာလက်ရန်းကိုကျောပေးမှီကာ ဆောင်းရာသီရဲ့ မိုးသားကင်စင်ပီး ကြယ်လေးတွေ တလက်လက်တောက်ပနေတဲ့ ကောင်းကင်ကြီးကို ငေးမောကြည့်နေတဲ့ Hyg။
Jin : Joonie Hyg! ဒီချိန်မအိပ်သေးဘူးလား။
JinကNJအနားကိုသွားပီး စကားဆိုလိုက်တော့
NJ : ဟင်!Jinလေး၊ ဘယ်လိုဖြစ်လို့ ဒီချိန်ကြီးရောက်လာတာလဲ။
အခုနလေးကမှ ကုမ္ပဏီအလုပ်တွေပီး၍ စိတ်ပြေလက်ပျောက် လေညှင်းထွက်ခံနေတုန်း အနားကိုလုံးလုံး"နှင့် ရောက်လာတဲ့ Jinလေး။သူ့ထက်ခေါင်းတစ်လုံးစာနိမ့်တဲ့ Jinကို ငုံ့ကြည့်လိုက်တော့ စောင်ကိုခေါင်းကနေ ခြေထောက်အထိခြုံထားပီး စောင်ကြားထဲကနေ နှုတ်ခမ်းထထော်ထော်နဲ့ သူ မအိပ်သေးတာကိုမေးလာတဲ့ သိုးပေါက်လေးရယ်ပါ။ပီးတော့ သိုးပေါက်လေးက အိပ်ရာပြောင်းလို့ အိပ်မပျော်သေးလို့ တဲ့လေ။
Jin : ကျွန်တော် အိပ်မပျော်သေးလို့ hyg၊ အိပ်ရာပြောင်းလို့ထင်တယ်။
STAI LEGGENDO
I'm your Guardian Angel
Storie d'amore(Uni&Zawgyi) .ကိုယ်သေသွားသည့်တိုင်အောင်ကလေးရဲ့ဘေးနားမာGuardian Angelအဖြစ်ဆက်ရှိနေမယ်။ #Hoseok .ဦးငယ်က ကျွန်တော့် ရဲ့ ကယ်တင်ရှင်ပါ။ ဦးငယ် ကျွန်တော့်ကို ဘယ်တော့မှထားမသွားပါနဲ့။ #Yoongi