Part 16

468 58 14
                                        

JH groupရဲ့ဥက္ကဋ္ဌအနေဖြင့် ပထမဆုံးတက်ရောက်ရတဲ့ပွဲမို့ Hoseok အနည်းငယ်တော့ စိတ်လှုပ်ရှားမိသည်။ဒါပေမဲ့ Min Jae Yuuနဲ့ ထိပ်တိုက်တွေ့ပီးရင်ဆိုင်ရမဲ့ပွဲမို့ စိတ်ကိုတင်းကာ ကုမ္ပဏီဖွင့်ပွဲ Partyဆီသို့သွားရန် Hotelမှထွက်လာခဲ့တယ်။

Partyရောက်တော့ ချက်ချင်းဆိုသလိုလူအများရဲ့အာရုံကသူ့ဆီမှာ...။အင်းပေါ့လေ Koreaရဲ့အကြီးဆုံးCompanyတွေထဲမှာ Top 5 ဝင်ထားတဲ့ JH groupရဲ့ ဥက္ကဋ္ဌ အသစ်စက်စက်ရဲ့ဂုဏ်သတင်းမွှေးပေါင်းစုံက စီးပွားရေးနယ်ပယ်မှာ လှိုင်လှိုင်ပျံ့ နှံ့နေတာကြောင့် ဒီလိုအာရုံစိုက်ခံရတာ အဆန်းမဟုတ်လှ။

ထိုလူတွေကိုအာရုံမထားဘဲ အဖွင့်စကားပြောဖို့အတွက် Stageပေါ်သို့ တက်လိုက်ပီး စကားမပြောသေးဘဲ Stageအောက်ကလူတွေကိုတစ်ချက် ဝေ့ကြည့်လိုက်တော့ partyရဲ့ထောင့်တစ်နေရာမှာ ဝိုင်ခွက်ကိုကိုင်ပီး မမှိတ်မသုန် စူးရဲတဲ့အကြည့်တွေနဲ့ ကြည့်နေတဲ့ Min Jae Yuu...။

နှစ်ယောက်သားအကြည့်တစ်ချက်စုံသွားတော့ JHကမျက်နှာကိုတစ်ချက်တင်းလိုက်ပီး အကြည့်လွှဲလိုက်ကာ အဖွင့်စကားပြောဖို့စကားစလိုက်တယ်။ Min Jae Yuuကတော့ နီရဲရဲနှုတ်ခမ်းထောင့်စွန်းတို့ ကွေးညွှတ်တဲ့ထိ အဓိပ္ပါယ်များစွာပါတဲ့အပြုံးမျိုး
ပြုံးကာ လက်ထဲကဝိုင်ခွက်ကို တစ်ချက်မော့ချလိုက်သည်။

JH : အားလုံးပဲ မင်္ဂလာညနေခင်းလေးပါ။အခုလို ကျွန်တော်တို့ JH groupရဲ့ Companyခွဲ ဖွင့်လှစ်တဲ့အခမ်းအနားကို ကြွရောက်ချီးမြှင့်ပီး လက်တွဲပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ လူကြီးမင်းတို့ဟာ ကျွန်တော်တို့ Companyနဲ့ လက်တွဲလိုက်ရတဲ့အတွက် ဘယ်တော့မှ နောင်တမရစေမဲ့ အဖြစ်မျိုးကိုပိုင်ဆိုင်ရမဲ့အပြင် အခွင့်အလမ်းကောင်းများနဲ့ အကျိုးအမြတ်များစွာကို ရရှိစေမှာပါ။ဒါကြောင့် JH companyကို ယုံကြည်စွာနဲ့လက်တွဲဖို့က လူကြီးမင်းတို့ရဲ့တာဝန်ဖြစ်ပီးတော့ လူကြီးမင်းတို့ရဲ့ အနာဂတ်မှာ အကောင်းဆုံးသောဘဝကို ပိုင်ဆိုင်စေရန်ကြိုးပမ်းဖို့ကတော့ ကျွန်တော့်တို့JH groupရဲ့ တာဝန်သာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်..။

I'm your Guardian AngelTempat cerita menjadi hidup. Temukan sekarang