2 (Unicode)

31 5 12
                                    




"အဆင်ပြေကြရဲ့လား.."

အဲလိယက်စ်သည် ကားနောက်ခန်းမှ သူငယ်ချင်းသုံးယောက်ကို လှည့်မေးလိုက်ရင်း သူတို့အား အကဲခတ်မိ၏..။ ထင်သည့်အတိုင်း အားလုံး မျက်နှာမကောင်းကြတော့..။

သူတို့ကို အပြစ်တင်လို့လည်း မရ..။ တန်ဖိုးကြီးကားကို မောင်းနှင်တတ်ကြတဲ့ကောင်လေးတွေဟာ ရမ်းရမ်းကားကားပဲ မဟုတ်လား..။

အရေးကြီးတာက အဲလိယက်စ်ကိုယ်တိုင်ကလည်း စပြီးတော့ စိတ်တွေ ပူပန်လာနေပြီ..။ သူငယ်ချင်းတွေဆီမှာ မျက်နှာပျက်ရမှာ တစ်ကြောင်း..။သူတို့ကို နည်းနည်းမှ မတိုင်ပင်ဖြစ်ပဲ ငှားရမ်းလိုက်တဲ့ ခရီးသွားလမ်းညွှန်ဟာ အဆင်မပြေဖြစ်မှာက တစ်ကြောင်း..။

"အဆင်ပြေကြတယ်မလား.."

သို့သော် ဂျူလီယန်က အနောက်ကိုလှည့်သွားပြီး အားလုံးကို ခြုံငုံကာကြည့်လိုက်တယ်ဆိုရင်ပဲ အရာအားလုံးသည် ပြေပြေလည်လည် ဖြစ်သွားသည်..။

ဒါက သိပ်ပြီး ထူးဆန်းပေမဲ့လည်း အဲလိယက်စ်က ငယ်ရွယ်သူတွေ မောင်းတဲ့ကားကို ဆက်လက်ပြီးတော့ စီးနင်းရမှာကိုပဲ လန့်နေတဲ့အတွက် သူတို့ကို ထပ်ပြီး အရေးမလုပ်နိုင်တော့..။

"စိတ်မပူပါနဲ့ ဟုတ်ပြီလား.."

သူ့ဘက်ကို ခေါင်းလှည့်လာတဲ့ ဂျုလီယန်က ဂီယာကို ကျွမ်းကျင်စွာပြောင်းလိုက်ပြီးတော့ အဲလိယက်စ်ကို မျက်လုံးပင့်ကာ ကြည့်လာသည်...။

ကျီးနက်သည် ထိုနေရာမှာတွင် မရှိတော့..။

အဲလိယက်စ်သည်လည်း သူ ပျံသန်းနိုင်ခြေရှိသော လေလမ်းကြောင်းများကို ကောင်းကင်သို့ မော့ကြည့်ကာ မှန်းဆရှာဖွေကြည့်မိသည်..။ မည်သည့်နေရာတွင်မှ မရှိ..။

ထိုကျီးနက်ရှိနေခဲ့သည်ဟူသော ဖြစ်ရပ်မှန်ကပင် ဝိုးတဝါးမက်သည့် အိပ်မက်တစ်ခုလို ထင်မှားလာခဲ့မိတော့၏..။

_________________

အမျိုးသားတွေချည်းသာပါသော ခရီးစဉ်သည် ယမကာ ၊ ရမ္မက် ၊ စိတ်လွတ်ကိုယ်လွတ်ပျော်ပါးခြင်းနှင့် အလွန်အမင်း အပျင်းထူကာ အနားယူနေခြင်းတို့သာ ပါဝင်သည်..။

Raison D'etre.Tempat cerita menjadi hidup. Temukan sekarang