3 (Unicode)

11 3 0
                                    




တောင်ကုန်းပေါ်တက်ခဲ့ရသော ပင်ပန်းနွမ်းနယ်သည့်ဒဏ်များ..၊ ပြင်းထန်သည့် လေတိုက်နှုန်းကြောင့် တဆတ်ဆတ်တုန်ယင်နေမှုများသည် သဘာဝတရား၏ လှပသောမြင်ကွင်းများ၏အောက်တွင် အရာအားလုံးကို မေ့ပျောက်သွားစေနိုင်သည်..။

အဲလိယက်စ်၏ ခန္ဓာကိုယ်သည် ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုကြောင့် နွေးကာနေ၏..။

စိမ်းလန်းတဲ့ ရုက္ခဗေဒရသကို ခံစားခဲ့ရသော အခိုက်အတန့်များ ခဏငယ်များဟာ အဲလိယက်စ်ရဲ့ တစ်ခုတည်းသော ဝါဿနာ စိတ်အပန်းဖြေရာပင်..။

"တောင်ပေါ်တက်ရတာ ပင်ပန်းလိုက်တာ..။ ဒါပေမဲ့လည်း မြင်ကွင်းနဲ့တင် တန်ပါတယ်.."

ဒီလိုပြောလာတဲ့ သူငယ်ချင်းရဲ့စကားကို ခေါင်းညိတ်သဘောတူလိုက်ပြီးတော့ အအေးဓာတ်ကြောင့်ထွက်လာတဲ့ သက်ရှူငွေ့တွေကို အဲလိယက်စ်က မှုတ်ထုတ်ပစ်လိုက်ပြန်သည်...။

သည်အခိုက်မှာ ဘာရယ်မဟုတ်ပဲ လှည့်ကြည့်မိချိန်..။ တောင်ကုန်းပေါ်မှ တစ်ဖက်သို့ ဆိတ်ဆိတ်ငြိမ်ငြိမ် ငေးကာနေသော ဂျူလီယန်သည် သူ၏ စိတ်အာရုံအားဖမ်းယူလို့သွားသည်..။

တည်ရှိနေပုံမှာ ခမ်းနားကာနေ၏..။ သူ့မျက်ဝန်းများ၏ အနောက်ဘက်မှ အရောင်သည်လည်း ရက်စက်မှုပေလား..ကောက်ကျစ်မှုများလားဟူ၍ ခွဲခြားရခက်သော ပုံစံမျိုးနှင့်ပင်..။ မမြင်နိုင်သည့် အရှိန်အဝါ ခြိမ်းခြောက်မှုတစ်မျိုးကလည်း သူ့အနားတွင် ရစ်ပတ်သိုင်းခြုံထားသလို ရှိနေခဲ့လေသည်....။

ဤလူနှင့် ထိုသူသည် ဘယ်နေရာမျှမတူ..။ ထိုသူသည် ပခုံးကို ခပ်မတ်မတ် ၊ မေးကို ခပ်ကော့ကော့ထားတတ်သူ..။ တိမ်သားကင်းစင် ကြည်လင်တောက်ပသော မျက်ဝန်းများဖြင့် ကြည့်တတ်သူ..။

အဲလိယက်စ်က ဤသို့ ဤသို့ မတူညီတဲ့ လူနှစ်ယောက်ကို ဘာကြောင့်များ တွဲမြင် ဆင်တူတယ် ထင်နေမှန်းကို မသိ..။ စိတ်ခံစားချက်သည် မသိုးမသန့်ဖြစ်ကာ ထူးဆန်းနေပေသည်..။

တောင်ကုန်းမြင့်ပေါ်မှ လေ၏ အထိအသပ်သည် တစ်ခါတစ်ရံတွင် ပြေရာပြေကြောင်းဆိုနေသလို..။ တစ်ခါတစ်ရံမှာ ပြင်းထန်တဲ့ရိုက်ခတ်မှုတစ်ခုလို..။ အအေးဒဏ်ဟာ ရင်ထဲမှာ စိမ့်နေအောင် ကြောက်မက်ဖွယ်ပင် ဖြစ်နေခဲ့တော့သည်..။

Raison D'etre.Where stories live. Discover now