အခန်း၁၅🔞🔞⚠️⚠️

1.6K 26 1
                                    


Warning 🤧(အရမ်းရိုင်းပါတယ်)
ပစ္စည်းတွေနဲ့ပတ်သတ်ပြီးတကယ်ကိုနားမလည်လို့ နားလည်သလိုရေးထားပါတယ် အမှားပါခဲ့ရင်Gomen🙏

ကိုကို့မွေးနေ့မှာsurpiseအကြီးကြီးပေးဖို့အတွက်အတော်စဉ်းစားယူလိုက်ရသည်။
နောက်ဆုံးတော့အကြံတခုကခေါင်းထဲသို့လင်းခနဲလက်ခနဲရောက်လာသည်။
"တော်လိုက်တဲ့ငါပါလား ဒီအကြံမဆိုးဘူး
ကိုကိုလည်းကြိုက်မှာသေချာတယ်"

ကိုယ့်အတွေးထဲကအကြံအစည်နဲ့ကတော့ဟုတ်လို့နေပါသည်။
လိုချင်တာတွေကိုတော့မွေးနေ့မရောက်မီကြိုတင်ပြင်ဆင်ထားဖို့တော့လိုလိမ့်မည်။

အဲ့စိတ်ကူးရတဲ့နေ့ကတည်းကလူကစိတ်လှုပ်ရှားသလိုရင်လည်းဖိုရပြီးနေမထိထိုင်မသာနဲ့အလွန်လည်းနေရခက်လှသည်။
မွေးနေ့မရောက်ခင်တပတ်အလိုမှာပင်သူမှာထားသောပစ္စည်းများကရောက်လို့လာခဲ့သည်။

ထိုပစ္စည်းတွေကို ကိုကိုမတွေ့အောင်လည်းဖွက်ရသည်မှာရင်တထိတ်ထိတ်ဖြင့်အသည်းယားဖို့ကောင်းလှသည်။
ကိုကိုသာစောစီးစွာတွေ့သွားလျှင် သူကြံထားသမျှအရာတွေကသဲထဲရေသွန်သလိုဖြစ်သွားလိမ့်မည်။

"ဟူး မလွယ်ပါ့လား ငါလေးဟာခိုးစားထားတဲ့တရားခံတယောက်လိုပုန်းလျှိုးကွယ်လျှိုးနဲ့လုပ်နေရပါလား"
မှာထားတဲ့ပစ္စည်းတွေကိုသေချာစစ်လိုက်ပြီး အလွယ်တကူမတွေ့နိုင်မယ့်နေရာသို့သိမ်းထားလိုက်သည်။

10.12.2021ဒီနေ့ဟာကျွန်တော်ရဲ့အသက်၂၉နှစ်ပြည့်မွေးနေ့လေးဖြစ်သလို အသက်ကလည်းနောက်တနှစ်ထပ်ကြီးသွားပြီဖြစ်သည်။

ငယ့်ရဲ့မွေးနေ့surpiseကိုတော့တကယ်ကိုသိချင်နေပါပြီ
ဒီရက်ပိုင်းငယ်ဟာသူ့ကိုမြင်လျှင်ပုန်းလျှိးကွယ်လျှိုးဖြင့်ဘာတွေကိုဖွက်နေသည်မသိ အထိတ်တလန့်ရှိလှသည်။

ဒီနေ့ကြကာမှဘဲအလုပ်တွေကလက်စမသတ်နိုင်ဘဲဖြစ်နေသည်။
ငယ့်ရဲ့ရင်ခုန်စရာကောင်းလှမယ့်အစီအစဉ်ကိုအမြန်ပင်တွေ့ချင်လှပါပြီ
ကိုယ့်ကိုဘာတွေရင်ခုန်အောင်လုပ်ဦးမလို့လဲငယ်

နောက်ဆုံးမတတ်နိုင်တော့အလုပ်တွေကိုပစ်ထားလိုက်ပြီး ငယ့်ကိုတွေ့ရဖို့ကိုမစောင့်နိုင်တော့သဖြင့်အိမ်ကိုသာအလျှင်အမြန်ပြန်ခဲ့လိုက်သည်။

အချစ်ရဲ့လက်တကမ်း💛💛21+(zawgyi)completeWhere stories live. Discover now