အခန်း၁၈

747 18 0
                                    

"အဲ အာဘူးးး ဘူးး"
(ဒီအသံကကလေးတယောက်ရဲ့ဘူးမှုတ်နေသံဘဲ ငါဘယ်ရောက်နေတာလဲ ကလေးရယ်သံကဘယ်ကထွက်လာတာလဲ ငါရှာရမယ်)

ဟောတွေ့ပါပြီ ပုခက်လေးတခု အသံကဒီထဲကလာတာဘဲ ပုခက်ထဲငုံ့ကြည့်လိုက်တော့ ၄ ၅လသားအရွယ်ကလေးလေးတယောက် ခြေတွေလက်တွေမြှောက်ပြီး ပါးစပ်ကနေလဲတဘူးဘူးတဝါးဝါးဖြင့် စကားတွေပြောနေလေသည်။

ကျွန်တော့်ကိုမြင်တာနဲ့လက်ကလေးမြှောက်ပြီးသူ့ကိုချီခိုင်းတဲ့အတိုင်း လူကိုလည်းပြုံးရယ်ပြီးတဘူးဘူးဖြင့်စကားတွေပြောနေသည်။
"အာဘူးးး ဘူးး ဝါးး"

"ဖေဖေ့ဆီလာပါဦး ကလေးလေးရေ"
(ဖေ ဖေ ဖေ ဖေ ငါ့ကိုငါဒီလိုသုံးနှုန်းရတာ ကြည်နူးဖို့ကောင်းလိုက်တာ ဒီကလေးကငါနဲ့ကိုကိုရဲ့ကလေးလား)
ကလေးကိုချီလိုက်ပြီးသေချာကြည့်လိုက်တော့ဟုတ်ပါသည်ကိုကိုနဲ့တူတဲ့မျက်ခုံးလေးတွေ နှာတံစင်းစင်းလေး မျက်ဆံနက်နက်တွေ
( အားးချစ်ဖို့ကောင်းလိုက်တာကိုကိုပေါက်စလေးများလား)

ကိုကိုပေါက်စလေးရဲ့ပါးအိအိလေးကိုနှစ်ဝင်သွားအောင်နမ်းလိုက်ပြီး မြူချော့ပေးနေမိသည်။
(အာ့ ဗိုက်ကဘာလို့နာနေရတာလဲ )

ငယ့်ကိုစိုးရိမ်ပြီးအလုပ်တွေကိုပစ်ခဲ့ကာ ရတဲ့flightနဲ့သာဒုန်းဆိုင်းပြန်လာခဲ့လိုက်သည်။
အိမ်ရောက်တော့ငယ့်ကိုအိမ်မှာတင်ဘဲ ကျွမ်းကျင်အထူးကုတွေနဲ့ဘဲစမ်းသပ်စေသည်။

တော်သေးသည် ငယ်ရောဗိုက်ထဲကကလေးရောဘာမှမဖြစ်လို့
ခုမှဘဲကိုယ့်စိတ်တွေအေးရတော့သည်။
ဒါပေမယ့် ငယ်ကဘာလို့သတိမရသေးတာလဲ

(အာ့ဗိုက် နာလိုက်တာ)
ကြမ်းပြင်ပေါ်လှဲကြသွားပြီးဗိုက်ကိုဖိလိုက်ကာကွေးကွေးလေးနေလိုက်သည်။
သူ့လက်တွေကိုကြည့်မိတော့သွေးတွေ သွေးတွေ

(ကလေးရော ငါနဲ့ကိုကို့ရဲ့ကလေးလေး)
သူနဲ့လက်တကမ်းကိုကြည့်မိတော့ သွေးတွေရွဲနစ်စွာပေကြံနေတဲ့သူတို့ကလေးလေး

သူ သူ့ဗိုက်ကနာကျင်တာကိုဂရုမစိုက်နိုင်တော့ကလေးဆီတွားသွားလိုက်ကာ ကလေးကိုချီလိုက်သည်။
"ကလေးလေး ဖေဖေ့ကလေးလေး မျက်လုံးဖွင့်ပါဦး"

အချစ်ရဲ့လက်တကမ်း💛💛21+(zawgyi)completeOnde histórias criam vida. Descubra agora