Complete💜💜

1.1K 23 0
                                    

အရှိန်တင်မောင်းနှင်မှုကြောင့် ချိန်းထားတဲ့အချိန်ထက်စောရောက်သွားသည်။
ကားပေါ်ကနေအမြန်ဆင်းလိုက်ပြီး ဂိုဒေါင်ဆီသို့ဦးတည်လိုက်သည်။
(ငယ် ဘာမှမဖြစ်ပါစေနဲ့ ကိုယ်အခုငယ့်ကိုလာကယ်ပြီ  ခနလေးသည်းခံပေးပါ)

ငယ့်ကိုတွေ့ချင်ဇောဖြင့် ဘာကိုမှဂရုမပြုမိအား ငယ်ကသာခုချိန်မှာအရေးကြီးသည်။
ပိတ်ထားသောတံခါးကိုတွန်းဖွင့်ပြီးဝင်လိုက်လျှင် နောက်ကနေချောင်းအရိုက်ခံလိုက်ရသည်။
"ဒုတ်.."(ဂုတ်ပိုးတုတ်ဖြင့်ရိုက်သံ)

"အင့်.."
အရိုက်ခံလိုက်ရတာကြောင့်လူကရှေ့ကိုလဲကြသွားကာ အမှောင်ထုဆီသို့ခနတာ

"ဗွမ်းး"(ရေဖြင့်ပက်သံ)
အရိုက်ခံထားရတာကြောင့်ဂုတ်ပိုးကအနည်းငယ်နာနေသည်။
လက်တွေလှုပ်ရှားမယ်ပြုတော့အတုတ်အနှောင်ခံထားရမှန်းသိတော့သည်။
ဟင်  ငယ်ရော
ဘေးကိုကြည့်မိတော့ ငယ့်ကိုပါသူနဲ့အတူကြိုးတုတ်ထားမှန်းသိရတော့သည်။

"ငယ် ငယ်အဆင်ပြေရဲ့လား"
ငယ်မျက်နှာမှာလဲအညိုအမဲစွဲနေကာနှုတ်ခမ်းထောင့်ကလည်းကွဲပြီးသွေးစို့နေသေးသည်။
"မင်းတို့ ဒါဘာလုပ်တာလဲ ငါ့မိန်းမကိုလက်ဖျားနဲ့မထိနဲ့လို့ပြောထားတယ်လေ သူ့မှာဗိုက်ကြီးနဲ့ကွ မင်းတို့နှမချင်းမစာနိုင်ကြဘူးလား"

"ဖြောင်းး ဖြောင်းး ဖြောင်းးး"(လက်ခုပ်တီးသံ)
"ဘယ်လောက်တောင်လှလိုက်တဲ့မြင်ကွင်းလဲ စကားလုံးတွေပြောင်မြှောက်လှချည်လား CEOမင်းမြတ်"

အသံကြားရာကြည့်မိတော့ ခုံပေါ်မှာခြေချိတ်ထိုင်ပြီး
မာဖီးယားခေါင်းဆောင်တွေအလား သူ့ရဲ့ရန်သူတော်နှစ်ယောက်က တယောက်ခုံတလုံးစီဖြင့်
"မင်း မင်းတို့နှစ်ယောက်"

"ဘာလဲ သိပ်အံ့သြသွားလား dramaခင်းတာတွေတော်လောက်ပြီ ငါတို့အလုပ်ကြောင်းလေးပြောလိုက်ရအောင်"

"ပြော မင်းတို့ဘာလိုချင်တာလဲ ငါ့လုပ်ငန်းတွေလား ငါ့စည်းစိမ်တွေလား ဒါမှမဟုတ်ငါ့ကိုလား
ကြိုက်တာကိုယူနိုင်တယ် ဒါမဲ့ငါ့မိန်းမကိုတော့လွှတ်ပေးရမယ်"

"ကိုကို ငယ်အဆင်ပြေပါတယ် သူတို့လိုချင်တာကိုမပေးလိုက်နဲ့ "

အချစ်ရဲ့လက်တကမ်း💛💛21+(zawgyi)completeOnde histórias criam vida. Descubra agora