Chapter _4

10.2K 842 1
                                    

ဒီနေ့ က Tuesday ပါ ..Yeol ၁ယောက် လိပ်စာ ထဲ က အတိုင်း လမ်းလျှောက် လာ ခဲ့တယ် ..လမ်း လေး က ချစ် စရာ ကောင်း ပါ တယ် တောင် စောင်း လို နေရာ လေး မှာ အိမ်လေး တွေ ကလည်း အဆင့်အတန်း မြင့် တဲ့ အထက်တန်း အလွှာ က လူတွေ နေ တဲ့ ရပ်ကွက် ဆို တော့ အကုန် အပျံစား တွေ ပါ ပဲ .. Yeol လိပ်စာ ကို တချက် ပြန် ကြည့် ပြီး နောက် ထပ် နည်း နည်း ထပ် သွား လိုက် ပြီး အတော် အတန် ကြီး မား တဲ့ အိမ် ကြီး ရှေ့ ရောက် တော့ ရပ် လိုက် တယ် .. ဒီ လောက် ကြီး တဲ့ သူ့ ရှေ့ က အိမ် ကြီး ကို Yeol ခဏ တော့ ငေး ကြည့် နေ မိ တယ် ..အိမ် က လုံးဝ modernize ဖြစ် ပြီး ကြည့် လို့် ကောင်း ပါ တယ်.. နေ ရောင် အောက် က အိမ် ရဲ့ အပြာ ရင့် ရောင် မှာ ဆင် ဆွယ် ရောင် လေး မသိ မသာ ပြေး နေ ပါ တယ် .. Yeol လည်း ခဏ နေ တော့ လူ ခေါ် bell ကို နှိပ် လိုက် တယ် ..ချက် ချင်း ပဲ တံခါး က auto ပွင့် လာ တယ်.. အဲ့ဒါ နဲ့ Yeol အထဲ ကို ဝင် လာ ခဲ့ တယ်.. အထဲ ရောက် မှ ပို မျက်လုံး ပြူး သွား တာ က အိမ် က အထဲ ရောက် လေ ပို လှ လေ ပါ .. သုံး ထပ် ရှိ ပြီး မျက်နှာစာ က အကုန် မှန် တွေ နဲ့ ဆောက် ထား တာ ပါ..

" Yeol ..လာ ပြီ လား? ဘာ လို့် နောက် ကျ နေ တာ လဲ ? လမ်း တွေ ဘာ တွေ ပျောက် နေ သေး လား?" Baekbeom က ဝမ်း သာ အား ရ ထွက် ကြို ပြီး အိမ် ထဲ ကို ခေါ် သွား တယ် 
" မ ပျောက် ပါ ဘူး..စောင့် နေ ရ တာ လား အားနာ လိုက် တာ..ငါ အခု လေး တင် ကိစ္စ လေး ပေါ် လာ လို့် နောက် ကျ သွား တာ ပါ " Yeol ပြုံး ပြီး ပြန် ဖြေ လိုက် တယ်.. အိမ် ထဲ က အပြင် အဆင် ကို လည်း စပ်စု ရင်း ပေါ့.. နံရံ တွေ မှာ လည်း တကယ့် နာမည် ကြီး ပန်းချီ ဆရာ တွေ ရဲ့ လက်ရာ တွေ ချိတ် ထား ပါ တယ် 

" ရပါတယ် ကွာ.. ငါက မင်း လမ်း ပျောက် နေ တယ် ထင် လို့်.. အရင် ထိုင် ဦး ..Omma တော့ မရှိ ဘူး အပြင် သွား တယ်.. တခုခု သောက် မလား?"

" အင်း သောက် တာ ပေါ့ " Yeol ပြန် ဖြေ လိုက် ပြီး သူ့ ကျောပိုးအိတ် ကို ချ လိုက် တယ်.. Baekbeom လည်း မီး ဖို ထဲ ဝင် သွား ပြီး Yeol့ အတွက် သောက် စရာ တခုခု သွား ပြင် တယ်.. Yeol ထိုင် စောင့် နေ တုန်း မှာ ပဲ ..

" Hyung.. ခုနက bell သံ ကြား တယ် ဘယ်သူ လာ တာ လဲ?" Yeol့  နောက် က နေ ကလေး သံ လေး လို ကောင် လေး ၁ယောက် အသံ ထွက် လာ ပါ တယ် ..လှေကား ပေါ် က နေ ဆင်း လာ တယ် ..အင်္ကျီ က ချောင် ပြီး ပခုံး တောင် လျှော ကျ နေ တယ် ပြီး တော့ ဘောင်းဘီ က လည်း အတို နဲ့ တကယ့် ကလေး လို ပါ ပဲ ..  Yeol လည်း အသံ ကြား လို့် Baekbeom ရဲ့ ညီ ပဲ ဆို တဲ့ အတွေး နဲ့ နောက် လှည့် ကြည့် လိုက် တယ် ..အဲ့ဒီ မှာ ပဲ Yeol မျက်လုံး ပြူး ချင် သွား တယ် ဒါပေမဲ့ ဘာ မှ မဖြစ် သလို ပဲ ခပ် တည် တည် နေ လိုက် တယ် 

Tutor Boyfriend (2014)Where stories live. Discover now