Chapter _5

10.2K 835 2
                                    

"Kyungsoo ah~~" Baek နှုတ် ခမ်း ကြီး ဆူ ပြီး သူ့ သူငယ်ချင်း ရဲ့ နာမည် ကို ခေါ် လိုက် တယ် ..ကျောင်း ဆင်း တော့ hallway အတိုင်း လူ တွေ တိုး ပြီး ထွက် လာ ကြ တယ်.. ဘာ လို့ များ ဒီလောက် တောင် အိမ် ပြန် ချင် နေ ကြ တာ လဲ မသိဘူး? Baek နား မလည် နိုင် စွာ တွေး လိုက် တယ်.. Baekbeom နိုင်ငံခြား မှာ ကျောင်း သွား တက် ကတည်း က Baek ၁ယောက် အထီးကျန် ခဲ့ ရ တာ ပါ..သူ့ appa က လည်း အလုပ် ရှုပ် တဲ့ သူ မို့ ညဆို သန်းခေါင် လောက် မှ ပြန် ရောက် တတ် တယ်.. သူ့ Omma ကလည်း သူ့ အလုပ် နဲ့ သူ ရှုပ် နေ တော့ Baek ကို ဂရု မစိုက် နိုင် ဘူး လေ..အဲ့တော့ သူ့ အတွက် အိမ်ထိန်း တွေ က သာ သူ့ ရဲ့ သူငယ်ချင်း တွေ ပဲ ပေါ့.. သူ့ ကိုယ် သူ သနား စရာ ကောင်း မှန်း သူ သိ ပါ တယ်.. Baek က စာကျက် ရ မှာ သာ ပျင်း တာ ပါ..ကျောင်း တက် ရ မှာ တော့ ပျော် ပါ တယ်..ဘာ လို့် လဲ ဆို တော့ ကျောင်း မှာ သူငယ်ချင်း တွေ ရှိ တယ် လေ..အများ ကြီး လည်း မဟုတ် ပါ ဘူး Soo ၁ယောက် ကတော့ သူ အချစ် ဆုံး ပေါ့.. 

" အခု ရော ဘာ ဖြစ် ရ ပြန် ပြီ လဲ?" Soo သိ နေ ပါ တယ်.. Baek ဆီ က အဲ့လို လေ သံ လေး ဆို ရင် ကိစ္စ တခုခု ရှိ နေ ပါ ပြီ.. အရေး ကြီး တဲ့ ကိစ္စ တော့ မဟုတ် ပါ ဘူး..Baek ရဲ့ ပြသနာ က စာ ကျက် ရ တာ နဲ့ Vedio game ဆော့ ရ တာ ပါ ပဲ..ကြည့် ရတာ ဒီ တခါ လည်း Mrs.Byun က Baek ကို Vedio game မဝယ် ပေး လို့် ညည်း နေ တာ ပဲ ဖြစ် လိမ့် မယ် လို့် တွေး လိုက် တယ်..

" Hyung ပေါ့.. ငါ့ အတွက် ဆို ပြီး Tutor ၁ယောက် ခေါ် လာ တယ် လေ..ပြီး တော့ ဒီ လောက် လူ တွေ အများကြီး ရှိ တဲ့ ထဲ မှာ မှ ဘာ လို့် အဲ့ဒီ လူ ဖြစ် နေ ရ တာ လဲ? မင်း ဘယ်သူ လို့် ထင် လဲ?" Baek မနေ့ က သူ့ အခန်း ထဲ မှာ ဖြစ် သွား တဲ့ အဖြစ် အပျက် ကို တွေး မိ ပြီး ရှက် မိ တယ်.. Yeol ကသူ့ နား လေး ကို တိုး လာ တော့ သူ့ first kiss ကို ယူ တော့ မယ် ထင် ပြီး မျက် လုံး ကို အတင်း မှိတ် ထား လိုက် ရ တာ..နောက် တော့ မှ မဟုတ် ဘူး ဆို တာ သိ တော့ သူ့ ဟာ သူ တွေး ပြီး ရှက် နေ တယ်.. 

" ကောင်း တာ ပေါ့ ကွ..ပြော ပါ ဦး ဘယ်သူ လဲ?" Soo သိချင် ဇော နဲ့ မေး လိုက် တယ်.. Baek လက် စွမ်း ပြ လိုက် တဲ့ အရင် tutor တွေ အကြောင်း လဲ သူ သိ ပါ တယ်..သူ Baek နဲ့ ဘာ လို့် သူငယ်ချင်း တွေ ဖြစ် နေ ရ တာ လဲ ဆိုရင် သူ Baek အကြောင်း ကောင်း ကောင်း သိ ပါ တယ်.. Baek က စာ မသင် ချင် လို့် သာ ဆိုး နေ တာ ပါ တကယ် စိတ် ရင်း လေး က ချစ် စရာ ကောင်း ပါ တယ်.. 

Tutor Boyfriend (2014)Tempat cerita menjadi hidup. Temukan sekarang