" စောင့် ဦး ဗျို့!! " Baek အော် လိုက် ပြီး bus ပေါ် ကို ခုန် တက် လိုက် တယ်..bus လာ တာ တောင် သတိ မထား မိ လိုက် ဘူး တော် သေး တယ်.. သူ့ ရဲ့ စကား များ တဲ့ သူငယ်ချင်း ကြောင့် bus ကို အမှီ လိုက် လိုက် ရ တယ် < တကယ် က သူ ပဲ ပြော နေ တာ ပါ > .. ကား ပေါ် မှာ လည်း ပြည့် ကျပ် လို့် ထိုင် စရာ နေရာ တစ်ခု မှ မရှိ တော့ ဘူး..ဒါပေမဲ့ ကျောင်းသား တချို့ ကတော့ လက် ကိုင် လေး တွေ ကို ကိုင် ပြီး ရပ် နေ ကြ တာ တွေ့ ရ ပါ တယ်.. Baek လည်း ဆူပုတ် သွား ပြီး သူ့ နား က လက် ကိုင် လေး ကို လှမ်း ကိုင် လိုက် ရ တယ်.. ကား ထွက် တော့ Baek ပြတင်းပေါက် က နေ ပဲ အပြင် ကို ငေး နေ လိုက် တယ်..
" Chanyeol မင်း ရဲ့ tutor အလုပ် က ဘယ် လို လဲ?" ယောက်ျား လေး ၁ယောက် အသံ ကို ကြား လိုက် တယ်
" မေး မ နေ ပါ နဲ့ ကွာ ..ဘယ် လို ပြော ရ မှန်း တောင် မသိ တော့ ဘူး " ဟက်ခနဲ ရယ် သံ နဲ့ အတူ Yeol ပခုံး တွန့် ပြ လိုက် တယ် ..သူ့ အာရုံ ထဲ မှာ လည်း ဒေါသ တွေ အချောင်း ချောင်း ထွက် နေ တဲ့ ကောင်လေး ရဲ့ မျက် နှာ လေး က ပေါ် လာ ပါ တယ် ..အဲ့ဒီ ကောင်လေး က သူ တွေ့ ဖူး သမျှ ထဲ မှာ တော့ ခေါင်း အမာ ဆုံး ပါ ပဲ ..ဒါပေမဲ့ တော် သေး တယ် လို့် ပဲ ပြော ရ မယ် အဲ့ဒီ ကောင်လေး က Baekbeom ကို တော့ ကြောက် ပါ တယ်..သူ ဝန်ခံ ပါ တယ်.. Baek ရဲ့ ဆွဲ ဆောင် မှု ရှိ တဲ့ မျက် နှာ လေး က သူ့ ကို ချစ် မိ စေ နိုင် ပေ မဲ့ သူ့ ရဲ့ ဂျစ် ကန် ကန် အပြု အမူ တွေ က ချက် ချင်း အဲ့ဒီ အတွေး တွေ ကို ဖျက် ဆီး ပစ် လိုက် ပါ တယ်.. Baek ဒီ လို ပုံစံ တွေ ဖြစ် နေ တာ အ ကြောင်း တခုခု တော့ ရှိ မှာ ပါ ဒါ ကို တော့ သူ လည်း မ ပြော တတ် ပါ ဘူး..
Baek သူ ရင်းနှီး နေ တဲ့ အသံ ကို ကြား လိုက် ရ လို့် ဘေး ကို တဖြည်းဖြည်း လှည့် ကြည့် လိုက် တယ်.. သူ ကြား တာ မဟုတ် ပါ စေ နဲ့ လို့် ဆုတောင်း ပေ မဲ့ ..သူ ဆုတောင်း သလို ဖြစ် မလာ ပါ ဘူး ..Yeol က သူ့ ဘေး မှာ ရပ် နေ တယ် လေ ..ပြီး တော့ သူ့ ဘေး က သူ့ သူငယ်ချင်း နဲ့ စကား တွေ ပြော နေ လိုက် တာ ပြုံး လို့် ရွှင် လို့်.. Baek အဲ့ဒီ ပြုံး နေ တဲ့ မျက် နှာ ကို မြင် လိုက် ရ တော့ သူ့ ရင် တွေ တလှပ်လှပ် ခုန် လာ သလို ပါ ပဲ ..Baek လည်း ချက် ချင်း သူ ဆောင်း ထား တဲ့ cap လေး ကို မျက် နှာ ဖုံး အောင် ဆွဲ ချ လိုက် တယ်.. Yeol မြင် သွား မှာ စိုး လို့် ပါ ..
![](https://img.wattpad.com/cover/35063876-288-k103740.jpg)