Leo ခုတလော ကျန့်ကို လာမတွေ့ဘူး ကျန့်က ဒီမှာသူဆက်ဆံရဲတာဆိုလို့leo ပဲရှိတယ် ခုတလောကျန့်အိမ်မက်တစ်ခုကိုထပ်ခါထပ်ခါ မက်နေတယ် တစုံတယောက်က သူ့ကိုစောင့်နေတဲ့ အိမ်မက်မျိုး အိမ်မက်ထဲမာ အဖြူရောင်ဝတ်စုံလေးနဲ့ သူ့ကိုလက်နှစ်ဖက်ဆန့်ပြီးခေါ်နေတယ် သူသွားချင်ပေမဲ့ ခြေတွေကလှမ်းလို့မရဘူး ခြေထေါက်က အမြစ်တွယ်နေတဲ့ သစ်ပင်တစ်ပင်လို လုံးဝကိုလှုပ်ရှားလို့မရ တဖြည်းဖြည်း သူ့ရှေ့ကလူသား ဆင်မြန်းအဖြူရောင်အဝတ်အစားက တစ်ကိုယ်လုံးသွေးစွန်းနေတဲ့အနီရင့်ရောင် ဝတ်ရုံ အဖြစ်ပြောင်းလာခဲ့တယ် နှလုံးတည့်တည့်နေရာမှာလဲ ဓားတစ်ခုစိုက်နေတယ် ရှောင်ကျန့်ရုတ်တရက် ငိုကြွေးနေမိတယ် ပါးစပ်က အာစေးကပ်သလိုဘာစကားမှလဲမပြောထွက်နိုင်ခဲ့ပေ။
အဲ့လိုအိမ်မက်မက်ပြီးရင် လန့်လန့်နိုးနေကြ ပါးပြင်ထက်မှာလဲစိုစွတ်တဲ့အရည်လေးတွေ အမြဲကပ်ညိနေတယ်
ကျန့်-"အိမ်မက်ထဲကလူက ဘယ်သူများလဲ ခင်များကဘယ်သုမို့ကျနော်ငိုနေရတာလဲ သတိရနေရတာလဲ"
ရုတ်တရက် မိမိရင်ဘတ်တနေရာမာ စူး အောင့်သလိုခံစားလာရကာ တစ်စုံတယောက်ကိုတမ်းတနေရသလိုပင်
ကျန့်-"အ့ ခင်များက ကျနော့အတွက်ဘယ်လိုဖြစ်တည်မူများပါလိမ့်"
ဒေါက်ဒေါက်
Leo-'ကျန့် ဘာလုပ်နေတာလဲ ကိုယ်တံခါးခေါက်တာကိုကျန့်ကဘာမှပြန်မပြောတော့ တစ်ခုခုဖြစ်နေတယ်ထင်တာ
ကျန့်-အာ ကျနော် အတွေးလွန်သွားလို့ပါ အကို
Leo-အော် အင်းအင်း..ဟိုလေ ကိုယ်နောက်ပိုင်းကျရင်အရေးကြီးကိစ္စလုပ်စရာရှိတာမို့ကျန့်ဆီမလာနိုင်တော့ဘူး ကျန့်ကိုယ့်ကိုဂရုစိုက်ပါနော ပြီးတော့ ရော့ ဒါလေး
ကျန့်-"ဟင် အတာဘာလဲဟင် အကို"
Leo-လာမဲ့ လပြည့်ညကျရင် ကျန့်ဒါကို ကြာပန်းဥယာဉ်ဘက်သွားပြီး သောက်ရမယ် ဒါဆို ကျန့်အရာအားလုံးကိုသိလာပါလိမ့်မယ်
ကျန့်-"ဟို ကျနော် ဘာမှနားမလည်တော့ဘူး အကို ဘာတွေဖြစ်နေတာလဲ
YOU ARE READING
ငါ့ယောက်ျားက Vempire(my husband is Vempire)🚨🚨(complete)
VampireVempire တို့ရဲ့သခင်လေးဝမ်ရိပေါ် ပျောက်ဆုံးနေတဲ့ ကြင်ယာတော်ဇနီးလေးကြာပန်းနီကိုရှာဖို့ လူ့တိုင်းပြည်ကိုဆင်းလာကာ ရှောင်ကျန့်နဲ့တွေ့ဆုံပုံတွေ ဘယ်လိုချစ်မိသွားမလဲဆိုတာ စောင့်ကြည့်ပေးကြပါဦးဗျ 18+ပါမှာမို့ မကြိုက်ရင်ကျော်သွား...