ရိပေါ် ကျန့်လေးကိုချီပြီးဆေးရုံကိုပြေးလာခဲ့တာ ရောက်လဲရောက်ရော သူ ကျန့်ရဲ့စီနီယာကျိုးတိုးတော့တာပေါ့
ကျိုး-"ဟ ဒီက ညီမြန်မြန်ဝင်ခဲ့ လူနာကြည့်ရတာ အသက်ရူမဝသလိုပဲ ဟင် ကျန့် ဘယ်လိုဖြစ်တာလဲ လာလာ"
ရိပေါ်-"ဟုတ်ကဲ့ ဆရာ"ကျိုးချန် ဆေးရုံထဲကိုအလောတကြီးဝင်လာတဲ့လူတစ်ယောက်နဲ့တိုးတော့ ကြည့်ရတာတစ်ခုခုဖြစ်ခဲ့ပုံပဲ ဒီလောက်ထိဂရုစိုက်တာဆိုတော့ ချစ်သူများလား
လူနာကိုကြည့်မိတော့ သူတို့ရဲ့ချစ်စရာဂျူနီယာ ရှောင်ကျန့်
ရှောင်ကျန့်နေမကောင်းလို့ခွင်ယူထားတာသိပေမဲ့ ဒီလောက်ထိဖြစ်မယ်မထင် သူကရော ကျန့်နဲ့ဘယ်လိုပတ်သတ်ပါလိမ့် အရင်ဆုံး ကျန့်ကို သက်သာအောင်ကုပေးရမည်ကျိုး-"ဒီပေါ်တင်လိုက်ပါ ကျနော် စစ်ဆေးပေးကြည့်မယ်"
ရိ-"ဟုတ် ဆရာ"ကျိုးချန်ရှောင်ကျန့်ကိုစစ်ဆေးကြည့်တော့
ကျိုး-"အာ ကျန့်က တစ်ခုခုစိုးရိမ်နေလို့ သူမမှတ်မိတော့တဲ့အရာက ခေါင်းထဲထိုးဝင်လာတော့ အာရုံကြောကိုနဲနဲထိသွားတာပါ ပြီးတော့ကျန့်ကိုကြည့်ရတာ စိတ်ဖိစီးနေတဲ့လက္ခဏာတွေ့တယ် သူအတိတ်မေ့နေခဲ့တယ်တူပါရဲ့"
ရိပေါ်-"ဗျာ စိုးရိမ်ရလားဆရာ"
ကျိုး-"မစိုးရိမ်ရတော့ပါဘူးဗျ စိတ်မပူတော့နဲ့ "
ရိပေါ်-"ဟုတ် ဆရာ"
ကျိုး-"သူ့ကိုစောင့်ထားပါ သူသတိရရင်ကျနော့ကိုလာခေါ်ပါ ကျနော် ဟိုဘက်အခနိးတွေမှာပဲရှိနေပါမယ်"
ရိ-"ဟုတ်ဆရာ ကျေးဇူး ပါ"
ကျိုး-"အင်းအင်း "ကျိုးချန်ထွက်သွားတော့ရိပေါ် ကျန့်ဘေးနားထိုင်လိုက်တယ် ကျန့်ရဲ့ချွေးတွေကြောင့်အနည်းငယ်စိုစိစိဖြစ်နေတဲ့ဆံပင်ကိုသပ်တင်ပေးနေလိုက်တယ်
ရိပေါ်-"ကျန့် ရယ် ကလေးတော်တော်ပင်ပန်းနေမှာပဲနော ကိုယ်တောင်းပန်ပါတယ် မင်းကိုမကာကွယ်ပေးနိုင်ခဲ့ဘူး"
STAI LEGGENDO
ငါ့ယောက်ျားက Vempire(my husband is Vempire)🚨🚨(complete)
VampiriVempire တို့ရဲ့သခင်လေးဝမ်ရိပေါ် ပျောက်ဆုံးနေတဲ့ ကြင်ယာတော်ဇနီးလေးကြာပန်းနီကိုရှာဖို့ လူ့တိုင်းပြည်ကိုဆင်းလာကာ ရှောင်ကျန့်နဲ့တွေ့ဆုံပုံတွေ ဘယ်လိုချစ်မိသွားမလဲဆိုတာ စောင့်ကြည့်ပေးကြပါဦးဗျ 18+ပါမှာမို့ မကြိုက်ရင်ကျော်သွား...