Part 4 (ချစ်ရပါသော နိမ်း)
Unicode*နိမ်း....ငါ့ဆီလာခဲ့*
*အင်း*
လေလှိုင်းထဲမှ ကိန်း၏အသံသည်
တော်တော်ပင် အားပျက်နေသည့်ပုံနိမ်း ညဝတ်အင်္ကျီ မလဲတော့ပါ အပေါ်မှ
အင်္ကျီလက်ရှည် လေးသာ ထပ်ဝတ်ပြီး ကိန်း
ဆီသို့ ထွက်လာခဲ့သည်။ကိန်း၏ တိုက်ခန်းကိုရောက်တော့
Bell တီးလိုက်သည်။တော်တော်နှင့် လာမဖွင့်
သောကြောင့် နိမ်း Password ရိုက်ပြီး
ဝင်လာခဲ့သည်။2004 May 28 နိမ်း၏ မွေးနေ့မဟုတ်တာ
တော့သေချာသည်။
စင်ယော်နွေ၏ မွေးနေ့လဲ မဖြစ်နိုင်
သူမက ကိန်းတို့ထက် အသက်ပိုကြီးတယ်လေ"ကိန်း....အင့်"
နိမ်း ကိန်း၏နာမည်ကို ခေါ်ရင်း တနေတုန်း
ပြေးလာဖတ်သော သူကြောင့် အနောက်သို့
ယိုင်နဲ့သွားသည်။"ကိန်း"
"ငြိမ်ငြိမ်နေ"
ငြိမ်ငြိမ်နေတဲ့ သူဖက်ထားတာ လဲတော့မလို
ဖြစ်နေပြီ ဟာကို"ငါလဲတော့မယ် ကိန်း ဖယ်အုံးကွာ"
နိမ်းထို သို့ပြောလိုက်တော့ ကိန်းက
နိမ်းကို ပွေ့ချီကာ Sofa ဆီသို့ ခေါ်သွားသည်။ထို့နောက် သူ့ပေါင်ပေါ်တွင် ထိုင်ခိုင်းပြီး
နိမ်းကို စိုက်ကြည့်ရင်းပြောသည်။"စင်ယော်နွေ ပြန်ရောက်နေပြီ"
နိမ်း ထိတ်လန့်သွားသည်။သို့သော်လည်း
မျက်နှာကို ပြန်ထိမ်းကာ ငြိမ်နေလိုက်သည်။
သူမက ကိန်းကို ပြန်ယူတော့မှာလား?."ငါ့ကို ဂုဏ်ပြုမပေးတော့ဘူးလား"
ကိန်းက ခေါင်းငုံးနေသော နိမ်းကို
ကြည့်ရင်း ပြောသည်။
ဘယ်လိုလုပ်ပြီး ဂုဏ်ပြုပေးရမှာလဲ မင်းကို
ကြိုက်နေတာလေ ငါကကြိုက်နေတာလေ!"နိမ်း.....မငိုနဲ့"
ကိန်းက နိမ်း၏ကျနေသော သူ၏မျက်နှာကို
ဆွဲမော့သေပြီး သုတ်ပေးသည်။"ပြန်....မသွားပါနဲ့..ငါ့ကို..မထားခဲ့နဲ့ အင့်"
"ငါ့ကိုချစ်လား"