Part 6 (ချစ်ရပါသော နိမ်း)
Unicode"အင်းးးးး"
"ထတော့လေ နိမ်း"
"ထချင်သေးဘူး"
ကိန်း သူ့ကောင်လေး၏ ဆံပင်လေးကို
သပ်ကာ နှိုးလိုက်တော့ တဖက်သို့ လှည့်ကာ
ပြန်အိပ်သွားသည်။"ငါ ဆိုင်နေရာ သွားကြည့်မလို့ မလိုက်ဘူးလား?"
"လိုက်မှာ ဒါပေမဲ့ ထချင်ဘူး"
ကိန်းတို့ အိမ်၏အနီးတွင် Coffee Bar
လေး တစ်ခုဖွင့်ရန် စီစဉ်ထားသောကြောင့်
ဒီနေ့ မြေနေရာသွားကြည့်ရမည်။ကိန်း သူ့ကို ဘာမှဆက်ပြောမနေတော့ပဲ
ဆွဲပွေ့ကာ ချီလိုက်တော့ ခြေတံသွယ်သွယ်
လေးတွေက သူ၏ခါးသို့ တန်းချိတ်ဆွဲလာသည်။တကယ့်ကို ငပျင်းလေးပါ...
သူ့ကို အပေါ်ထပ် Coat လေးတစ်ခုထပ်ဝတ်
ပေးကာ ကိန်းလဲ Coat အနက်တစ်ထည်
ဝတ်လိုက်သည်။"ကိန်း....."
"အိပ် အိပ် အချစ်လေး"
"အွန်း."
ကိန်း Coat ပေါ်တွင် သူ့ရဲ့ သားရေကြည်လေး
တွေ ဘယ်လောက်တောင် ပေကျံနေမလဲ
မသိ...ကိန်း ထိုပုံအတိုင်း နိမ်းကို ဆိုင်ရောက်သည်
အထိ ခေါ်လာခဲ့သည်။"Mr.Kain ရောက်လာပြီလား"
"နေရာ တစ်ချက်လောက် ပြပေးနိုင်မလား"
ကိန်း ပွဲစားနှုတ်ဆက်သည်ကို ခေါင်းတစ်
ချက်သာ ငြိမ့်ပြလိုက်ပြီး
သူလိုချင်သော အရာကိုပြောလိုက်သည်။"ရတာပေါ့ လာပါဗျာ"
ကိန်း နိမ်းကို ချီရင်း ထိုပွဲစားကြီးနောက်သို့
လိုက်ကာ ဆိုင်နေရာကြည့်လိုက်သည်။ကိန်း နေရာကို သဘောကျသဖြင့် စာချုပ်
ချုပ်ရန် စီစဉ်နေသော ပွဲစားကြီးကို
ခုံတခုံပေါ်တွင် ထိုင်ရင်းစောင့်နေလိုက်သည်။အချိန် အနည်းငယ်ကြာသွားတော့
သူ့ပခုံးပေါ်တွင် မှီကာ အိပ်နေသော နိမ်းဆီမှ
အသံသေးသေးလေး ထွက်လာသည်။"အင်းးးကိန်း.."
အိပ်မှုံစုတ်ဖွားလေးဖြင့် ကိန်းနာမည်ကို တရင်း
ဟိုကြည့် ဒီကြည့်လုပ်နေသော အဆိုးလေး၏
မျက်နှာလေးကို သူ့ဖက်သို့လှည့်စေပြီး