Part 7 (ချစ်ရပါသော နိမ်း)
Unicode
"အိပ်တော့"
"မင်းကရော..?"
"ငါလဲအိပ်မှာပေါ့"
ညစာစားပြီး နှစ်ယောက်သား အပြင်တွင် ခနထွက်ကာ လမ်းလျှောက်ပြီးမှ အိမ်သို့ပြန်လာမိသည်။
နောက်ကျနေပြီ ဖြစ်သောကြောင့် နိမ်းကိုအိပ်ရန်ပြောသော်လည်း သူကပြန်ရစ်ကာ မအိပ်ပဲ ကိန်းကို ပြန်စနေသည်။
"နိမ်း မလုပ်နဲ့ကွာ အဲ့တာကြီး မကပ်ဘူး!"
"လုပ်ပါ ငါကပ်ပေးချင်လို့နော် ကိန်း နော်"
Mall ကို သွားတုန်းက ဝယ်လာသော Sheet Mask ကို သူ့ဟာသူမကပ်ပဲ ကိန်းကိုပါ လိုက်ကပ်ပေးနေသဖြင့် အခန်းကျဉ်းကျဉ်းလေးတွင် ပတ်ပြေးနေရသည်။
"မ..မရဘူး တခြားဟာပြော လုပ်ခိုင်းမယ်"
ကိန်းက ငြင်းလိုက်တော့ နိမ်းမှာ ထို Mask ကို
အိတ်ထဲပြန်ထည့်ပြီး မွေ့ယာပေါ်သို့ တက်ကာတဖက်သို့ စောင်းလှည့်ကာ အိပ်နေသည်။"နိမ်း...နိမ်း...ကပ်မယ်ကွာ ငါကပ်မယ်လို့ နိမ်း စိတ်မဆိုးပါနဲ့ နော် ငါမှားပါတယ်"
"........"
ကိန်း ဘယ်လောက် ချော့ချော့ တဖက်သို့ လှည့်ထားသော ကိုယ်လေးက ပြန်လှည့်မလာသဖြင့် သူ့အနားသို့ ဝင်အိပ်ကာ အနောက်မှ ခါးလေးကို ဖက်ထားမိသည်။
"နိမ်း ကိုယ်ဘယ်နေရာ မှားသွားလဲ မသိပေမယ့် တောင်းပန်ပါတယ်"
နိမ်း၏ ဂုတ်သားဖွေးဖွေးလေးကို နမ်းရင်း
ကိန်းကပြောသည်။
ချစ်လိုက်တာ ကိုယ့်ရဲ့ အမျိုးသားလေး..နိမ်း၏ လည်ပင်းနားသို့ ပူနွေးသော အရေများရောက်လာသဖြင့် နိမ်းမျက်လုံးလေးပွင့်သွားသည်။
သူငိုနေတာလား?"တောင်းပန်ပါတယ်....စိတ်မဆိုးပါနဲ့ ကိုယ့်ကို ရိုက်ရင်ရိုက်လိုက် စိတ်တိုပြီး မင်းရင်ထဲမှာ ပူလောင်နေတာမျိုးကြီး မလိုချင်ဘူး အချစ်"
ကိန်းက တုန်ရီနေသော အသံဖြင့်ပြောသည်။
နိမ်းက သူ၏ခါး၌ရစ်တွယ်နေသော သန်မာတဲ့
လက်ကြီးတွေကို ခနတာ ဖြေလိုက်ပြီး