Chapter 4.2

221 32 0
                                    


#Unicode

တံခါးကိုထုရိုကၲေနသညၲ့ ကုစနၲးကို ြကညၲ့၍ ပိုငိယွမၲ ေြကာကၲစိတၲတို့၀ငၲလာသညၲ
စိတၲကိုေလျာ့ထားပီး စဥၲစားြကညၲ့သညၲ

အမိျုးသမီးက ငါ့တစၲေယာကၲထဲကိုတိုက် ခိုက်ဖို့ရည်ရွယ်ထားတယ် ထင်ထားတာ မမျှော်လင့်ဘဲ ငါတို့နှစ်ယောက်လံးုက အထဲမှာပိတ်မိနေပီ..
ကုစန်းသည် တံခါးပွင့်လိုပွင့်ငှား ထုရိုက်နေဆဲ

ရေက တရွေ့ရွေ့သူမတို့ အနီးနားအထိစီးလာပီး အခန်းအပူချိန်ပင်ကျဆင်းလာသည် ဆက်တိုက်စီးလာနေသည့်ရေကြောင့် နှစ်ယောက်သား နောက်သို့ပင်ခြေလှမ်းနည်းနည်းဆုတ်လိုက်ရသည်
အမျိုးသမီးမျက်နှာက နှုတ်ခမ်းကိုတင်းတင်းစိထားလျက် ရာသီဥတုထက်ပင်အေးစက်နေသည်
အမျိုးသမီးသည် အိမ်ထဲရှိလူနှစ်ယောက်အား မကောင်းဆိုးဝါးတ​စ်ကောင် ကဲ့သို​ကြည့်ရင်း မျက်လံးုများပြူးထွက်လာသည်အထိရယ် မော နေသည်
2 second လောက်ရယ်ပီးသည့်နောက် ရုတ်တရက်တန့်သွားလျက်

"ခြေထောက်တွေ... နင်တို့မှာ​ ခြေ​ေထောက်ရှိတယ်.. နင်တို့ သာမာန်လူတွေ..."

ပြောလျက် ပိုင်ရွမ်နှင့်ကုစန်းတို့အား မနာလို မုန်းတီးစွာစိုက်ကြည့်နေသည် နှစ်ယောက်သား၏မျက်နှာကား အပျက်ပျက်ယွင်းယွင်း

"ဘာလို့ငါက ဒီပုံဖြစ်နေတာလဲ?..ဘာလို့ငါက ဒီပုံဖြစ်နေတာလဲ?"
ဆက်တိုက်ငြီးတွားနေလျက် ဒေါသကြောင့်ကြောက်မက်ဖွယ်ရာအသံထွက်လာသည်

ထပ်ခါတလဲလဲရေရွတ်နေသည့် အမျိုးသမီး၏အချင်းအရာက ပိုင်ယွမ်အား နှိုးဆော်နေလေသည် သူမ စိတ်ထဲတွင် အမျိုးသမီး ၏မေးခွန်းအားဖြေမယ် မဖြေဘူး ဟူ၍လွန်ဆွဲနေသည် 
ထိုအချိန်မှာပင် ကုစန်းက မခံမရပ်နိုင်​ လောက်အောင်စိတ်မရှည်ဖြစ်နေလျက် အမျိုးသမီး ၏စိုစွတ်ရှုပ်ထွေးနေသော ဆံပင်လှိုင်းများအားကြည့်နေသည်
ထို့နောက် မျက်လံးုများသို့စိုက်ကြည့်ကာ

" မင်းအမေက ဆံပင် စည်းဖို့မသင်ပေးလိုက်ဘူးလား?.."

အမျိုးသမီး "....... "

ပိုင်ယွမ် ". ....."

နှစ်စက္ကန့်အတွင်းမှာပဲ အမျိုးသမီး ဒေါသပေါက်ကွဲ လာပီး အခန်းမှရေများပင်ဆူပွက်လာသည် အခန်းထဲရှိရေက ဒလဟောစီးသည့်အရှိန်ပြောင်းလဲသွားသည်
ပိုင်ယွမ်တို့အား အငြိုးကြီးစွာကြည့်လျက် တိုက်ခိုက်ချင်စိတ်ကစိတ်မရှည်နိုင်ပုံပေါက်နေသည်

သေခြင်းလောကများမှ ကြာပန်းဖြူလေး (translation) Where stories live. Discover now