Chapter 6

154 26 0
                                    

"ကောင်းပီလေ သွားတာပေါ့ "

သူမရဲ့ဆုံးဖြတ်ချက်အပေါ် ကုစန်းက မျက်ခုံးပင့်၍ သဘောတူသည်

အခြားသူများအားအာရုံမပေးတော့ဘဲ နှစ်ယောက်သား ​ေ တာင်ပေါ်တွင်ရှိသော ဘုရားကျောင်းသို့လှည့်ထွက်လာခဲ့သည်

တာအိုဘုရားကျောင်းသည် ရွာနဲ့ အလှမ်းဝေးသောနေရာတွင်ရှိသည် လူသူမကြာခနဖြတ်သွားသောနေရာကဲ့သို့ ထင်ရသော လမ်းတစ်လှျောက်ရှိနေသည်မှာ များစွာသောခြေရာများကိုကြည့်၍သိနိုင်သည်

လမ်းလျှောက်သွားရင်းက ခြေရာများကိုသတိထားကြည့်မိသည် ခြေရာအရွယ်စားက အတော်ကြီးသည် အရွယ်ရောက်​ေသာယောကျာ်းတစ်ယောက်ချန်ထားသကဲ့သို့ ပင်ထင်ရသည်

ကစားသမားများထဲက တစ်ယောက်များရောက်လာသေးတာလား ..

ပိုင်ယွမ် ခနမျှတွေး၍

"ဒီရွာမှာ အရွယ်ရောက်သူ ယောကျာ်းတွေရှိ​ေနတာလား.."

သူမ မနေ့ကရောက်လာကထဲက လူအိုတွေသာ မြင်မိခဲ့သည်

ကုစန်းက ရိုးရှင်းစွာ အဖြေပေးသည်

" မရှိဘူး "

ပိုင်ယွမ် မနက်​ေစာ​ေစာနိုးလာ​တုန်းက ကုစန်း  ရွာကိုပတ်ကြည့်ပီးဖြစ်တာကို သိထားသည်

"ငါနည်းနည်းမေးကြည့်တော့ ချင်ယုနဲ့ အခြားသူတွေ တာအိုကျောင်းနဲ့ပတ်သတ်ပီးသိပုံမရဘူး သူတို့လိမ်နေရင်တော့မပြောတက်ဘူး"

သူက အေးဆေးပြောသည်

"ရွာအနေနဲ့တော့လူအိုနဲ့ကလေးကလွဲပီးအခြားမမြင်မိဘူး "

ပြောနေရင်း ခနရပ်ကာ

"ပီးတော့ဒီမှာမိန်းကလေးမရှိဘူး ယောကျာ်းတွေချည်းပဲ"

ထိုစကားက ပိုင်ယွမ်ကို ကြိုးစရှာ တွေ့ မိသလိုခံစားရစေသည်

တောင်ပေါ်ကနေ ရွာမြင်ကွင်းကိုကြည့်တော့ လယ်ကွင်းအများစုက ညိုးနွမ်းခြောက်ကပ်နေသည် ​ကြက် ဘဲ ငါးဆိုတာ ရှားပါးစွာ မမြင်မိ ပေ

လူငယ်နဲ့သက်လတ်ပိုင်း ယောကျာ်းမိန်းမ တွေ ပျောက်နေသည်မို့လယ်ယာလုပ်ဖို့လူမရှိတာကြောင့် ရွာတွင်းမှာ အစားစာအင်အားမလုံလောက်မှုဖြစ်နေသည်

သေခြင်းလောကများမှ ကြာပန်းဖြူလေး (translation) Where stories live. Discover now