Chapter 9

136 20 0
                                    

ပိုင်ယွမ် နိုးလာတဲ့အခါ သူမရဲ့ ခန္တာကိုယ်သည် ရေကဲ့သို့သော အစိုဓာတ်များသော နေရာတွင်ရောက်နေသည်ကို ရှင်းရှင်းလင်းလင်း သိလိုက်ရသည် သူမ၏ အရေပြားအတွင်းပိုင်အထိ အေးစိမ့်မှုကိုခံစားရသည်မှာ အရိုးများထိပင် ဖောက်ထွက်မတက်ဖြစ်နေသည်

ပိုင်ယွမ် နှုတ်ခမ်းနှစ်လွာကို ဖိကိုက်၍ စိတ်ရှုပ်ထွေးနေတဲ့ခေါင်းကို နာကျင်မှုနဲ့ လှုပ်နှိုးစေသည်

သူမ ဤထူးဆန်းသောနေရာတွင် သတိတစ်ချက်လေးတောင်လွတ်သွားလို့မဖြစ်ပါ တစ်ဦးထဲရှိသောလက်ရှိအခြေနေသည် အလွန် အန္တရာယ်များလွန်းသည်

ရွာသားများနဲ့ ပူပေါင်းထားတဲ့ဝိန့်ဝမ်ဝမ်ကို လျော့တွက်လိုက်မိရာက ဤကဲ့သိုသော သတိမေ့သည့်အခြေနေကို ဖြစ်စေခဲ့သည်

ယခုအထိ အသက်ရှင်နေသေးသည် က မိမိအကြံ က လုံးလုံးမမှားသေးကြောင်း ဆိုလိုလို့ရသည် မဟုတ်ရင် ခြေထောက်ပြတ်၍ အသေဆိုးနဲ့သေနေလောက်ပီဖြစ်သည်

ပိုင်ယွမ်မှာ လျစ်လျှူရှူခံထားရသည်

escape ဂိမ်းတွင် မကောင်းဆိုးဝါးများပင် အန္တရာယ်များရုံ မက NPCများသည်လဲ လျော့တွက်လို့မရ သည့် ခြိမ်းခြောက်မှုဖြစ်သည်

ထိုရွာသားတွေက အလွန်ထူးဆန်းသည်ဟုတွေးနေမိသည်

မျက်မှောင်ကျုံ့၍ အမှတ်တမဲ့ ထဖို့​​​ကြိုးစားမည်လုပ်ရာ သူမလက်နဲ့ ခြေထောက်များသည် ရေကန်ကဲ့သို့ အလားတူနေရာတွင် ရောက်နေသည်ကိုသိလိုက်ရသည် သူမဗိုက်တစ်ခုလုံးရေများ ပြည့်နေလေသည်

နေရာတိုင်းက စိုစိ၍အေးစက်နေတဲ့အပြင် အလင်းရောင်တစ်စိမှမဖောက်နိုင်သော အမှောင်ထုသာမြင်ရသည် ထိုကဲ့သိုသောနေရာမှ ဘယ်လိုထွက်လမ်းရှာရလဲ တွေးမရဖြစ်နေသည်

စဥ်းစားစရာက ရွာသားများ သည် သူမအား လက်ဖျားနဲ့တောင် မထိဘဲ ဒီအတိုင်းပစ်ထားခဲ့သည်မှာ ထူးဆန်းလှသည် ဖြစ်နိုင်တာက သူမက အလွန်သေးကွေးတာကြောင့် ဒီနေရာမှ ထွက်ပြေးဖို့မဖြစ်နိုင်လောက်ဟု ထင်တာကြောင့်ဖြစ်နိုင်သည်

ကြိုးတုပ်ထား​ေသာ်လဲ အလွန်လျော့ရဲနေတာကြောင့်ပိုင်ယွမ် အားပင်မသုံးလိုက်ရဘဲပြေလျော့သွားသည်

သေခြင်းလောကများမှ ကြာပန်းဖြူလေး (translation) Where stories live. Discover now