Part 5

1K 154 16
                                    

i remember you cuz you 're  special for me. .

S

unghoon's pov

အချိန်စက်ဝန်းက အမြဲလည်ပတ်လျက်..
တဖန်ရောက်ရှိလာတဲ့..ကျောင်းဖွင့်ချိန်...

နဂိုကတည်း ကကျောင်းမှာအတော်လေးရေပန်းစားတဲ့ King ဖြစ်နေတဲ့အပြင်...ယခုတော့ Debut idol မို့ပိုပြီးအာရုံစိုက်ခံရမှုတိုးလာသည် ။

ဆူဆူညံညံ လူအုပ်ထဲမှာ ပြုံးရယ်ရင်းက
ပင်ပန်းမှုတွေကိုဖုံးကွယ်နေရသည် ။
ဝိုင်းပြုံနေတဲ့ လူအုပ်ကြားကနေ တိုးထွက်ဖို့ခဲယဥ်းနေချိန်...စင်မြင့်ထက်ဆီက Ji Ah အသံ​ကြောင့် အဆင်ပြေသွားရသည် ။

လူသွားလမ်းပမာဏလောက် လမ်းရှင်းပေးကျတာမို့...စင်မြင့်ထက်ဆီ လှမ်းလျောက်ရင်းကဘေးမှာရှိတဲ့ လူတွေကို ပြုံးရယ် ဦးညွှတ်နူတ်ဆက်ရင်းက...ရုတ်တရက်...စင်မြင့်အနီးဆုံးတနေရာက...ကောင်လေးက မျက်လုံးထဲထင်းခနဲ့...ရွှေရောင်ဆံပင်တွေ...အညိုရောင်မျက်ဝန်းတွေ...

နောက်ဆုံးတော့ထပ်တွေ့ရတာဖဲ...ငါရဲ့ unknown  sasaeng fan လေး...ပြောင်းလဲ သွားသလိုဖဲ မင်းကိုမြင်ရတာအရင်လိုဝမ်းနည်းရတဲ့မွန်းကျပ်မှုလို vibe မျိုးမရတော့ဘူး...

အဲ့ကောင်လေးရှေ့ကနေဖြတ်လျောက်ရင်းက...တချက်သေချာကြည့်လိုက်သည်.. ။သို့သော် ဆောင်ဟွန်း မျော်လင့် ထားသလိုမဟုတ်...

ဘာလို့ငါ့ကို မမှတ်မိ သလိုကြည့်နေတာလဲ..
ပြုံးပြမယ်လို့တော့ထင်ထားတာကို...

စင်မြင့်ထက်ဆီရောက်မှ Ji Ah ကိုခေါင်းတချက်ငြိမ့်ပြုံးပြကာ..စင်အောက်ကကောင်လေးဆီ မျက်ဝန်း အစုံက စင်​မြင့် အောက်က ဆောနူ ကိုကြည့်ရင်း...တချိန်ထဲမှာ မိုက်ဆီ နူတ်ခမ်း ပါးတို့ဖြင့်တိုးကပ်ရင်း

'' ထပ်တွေ့ကျပြန်ပီနော် ''

ဝိုင်းစက်ပြူးကျယ်ပြီးလက်ခနဲ့ဖြစ်သွားတဲ့ကောင်လေးရဲ့ မျက်ဝန်း တို့ကိုတွေ့ရတဲ့အခါ
ရင်ထဲက ပျော်သွားသလိုခံစားရသည် ။

၅လထဲနဲ့ မင်းကငါ့ကိုမေ့သွားတာလား...
အခုမှတ်မိသွားပြီမလား...
ငါ့ရဲ့ fanboy လေးမဟုတ်တော့ဘူးလား...

Mᴏʀᴇ Tʜᴀɴ 𝖠 FᴀɴWhere stories live. Discover now