part 10

892 124 23
                                    

i miss you so bad. .tdy

sunoo

ဗွမ်းးးး.....

ပြုတ်ကျသွားတဲ့နေရာက... အသစ်ဆောက်လုပ်ထားတဲ့...ရေကူးကန်တခုထဲသို့...
နည်းတဲ့အမြင့်က ပြုတ်ကျတာ
မဟုတ် သောကြောင့် ....ရေကူးကန် အောက်ခြေ ပြင်နဲ့ ခေါင်းနှင်ရိုက်ချက် ပြင်းထန်သွားသည် ။

ခေါင်းတခုလုံး ထုံထိုင်းသွားကာ...သွေးတို့က
ရေကန်ပြင်တခုလုံး အနီရောင်အတိ
အရောင်ပြောင်း လောက်အောင်အထိ...

ဘေးပတ်ဝန်းကျင် က လူတွေဝိုင်းအုံလာကာ
ရေကန်ထဲ ထိုးဆင်းသူကဆင်းလာသည် ။

'' အရေးပေါ် ကားခေါ်ကျလေ..''

'' ဘယ်အထပ်က ပြုတ်ကျလာတာလဲ ''

'' သွေးတွေမနည်းဘူး အသက်
ရှင်ပါ့မလား..?''

ဆူညံနေတဲ့ အသံအစုံတို့ က စတင် သဲသဲကွဲကွဲ မကြားရတော့...
လောက ကြီး နဲ့စတင်...
အဆက်ပြတ်သွားခဲ့သည် ။

^*^*^*^*^*^*^*

Sunghoon's pov

မျက်လုံးနှစ်ဖက် စတင်ဖွင့်မိသည်နှင့်....
မရင်းနှီးတဲ့ ပတ်ဝန်းကျင်....

ဘယ်ဘက်လက်ခုံမှာ ချိတ်ဆွဲထားတဲ့...
ဆေးထိုးအပ်...ပိုက်တန်းလန်းက...
ဆေးစက်တို့သည် ခန္ဓာကိုယ်တွင်းသို့
စိမ့်ဝင်လျက်...

နောက်ကျိနေသော ခေါင်းက ဖြစ်စဥ်အချို့ကို
ပြန်တွေးမိသောအချိန်တွင်မူ....
စိတ်အခြေနေတို့မတည်ငြိမ်တော့.....
အသက်ရူရခက်ခဲလာစေသည် ။

ဘေးမှာအသင့်ချိတ်ဆက်ထားသောနှလုံးခုန်စက်ဆီက....အသံ...

တီ.............

'' ဆောင်ဟွန်း.... ပတ်ဆောင်ဟွန်း သတိထားစမ်း...yah!!'''

'' JiAh? ''

ထပ်ပြီး တကြိမ်...သတိမေ့သွားရပြန်သည် ။

'' ဒေါက်တာ ကယ်ပါအုံး... သူဘာဖြစ်သွားတာလဲ..?''

ဆေးစစ်စာရွက်ကို တချက် လှန်ကြည့်ရင်း
ဆရာဝန် ဆိုသူက တည်တည်ငြိမ်ငြိမ် တုံ့ပြန်လာသည် ။

Mᴏʀᴇ Tʜᴀɴ 𝖠 FᴀɴWhere stories live. Discover now