မောင် - ၁

1K 88 8
                                    

Unicode

"ဒယ်ဒီ !! "

ပန်းရောင်စုံဝန်းရံထားသည့်လှပခမ်းနားသည့်အိမ်ကြီး၏အတွင်းထဲမှကျယ်လောင်စွာထွက်ပေါ်လာသော အသက်8နှစ်အရွယ်ကလေးတစ်ယောက်ရဲ့အသံစူးစူး။

ထိုအသံနဲ့အတူပြေးလွှာလှုပ်ရှားနေသောခြေထောကလေးများသည်ထိုအိမ်ကြီး၏ကျယ်ပြင်လှသောဧည့်ခန်းထဲတွင်ထိုင်နေကြသည့်အသက်40အရွယ်ယောကျာ်းကြီးနှင့်အတူမိန်းမကြီးနှစ်ယောက်ရှိရာသို့မြန်ဆန်စွာလှုပ်ရှားနေခဲ့သည်။

"မပြေးလာပါနဲ့ ဒယ်ဒီ့အသည်းတုံးလေးရဲ့ ချော်လဲနေမှဖြင့်"

ပြေးလွှာလာခဲ့သည့်ထိုကလေးဟာထိုယောကျာ်းကြီး၏ပေါင်ပေါ်တွင်တက်ထိုင်ရင်းအမောဖြေနေခဲ့သည်။

"ဒယ်ဒီ"

"ဗျာ ပြောလေဘီဘီ"

"ဒယ်ဒီ သားကိုစက်ဘီးဝယ်ပေးပါလားဟင်"

တောင်းဆိုသံတိုးတိုးဟာထိုကလေးငယ်ဆီမှထွက်ပေါ်လာခဲ့လေသည်။

"အို မဝယ်ရပါဘူး"

ဧည့်ခန်းထဲတွင်အတူထိုင်နေကြသောမိန်းမကြီးနှစ်ယောက်ထဲမှထိုကလေး၏အမေဖြစ်သူဆီမှထွက်ပေါ်လာလေသည်။

"ဘာလို့လဲ မာမီရဲ့"

"စက်ဘီးမှောက်လို့မာမီ့ကလေးလေးတစ်ခုခုဖြစ်သွားရင်မာမီရင်ကျိုးချည်ရဲ့"

"မာမီကလည်း.."

အသံရှည်ဆွဲကာစိတ်ပျက်သည့်အသံတစ်စုံဟာထိုကလေးဆီမှကြားရလေသည်။

"သူများတွေလည်းစီးနေကြတာ သားလည်းစီးချင်တာပေါ့ ဟွန့်"

အသဲပုံနှုတ်ခမ်းပါးအားဆူကာမာမီအားပြန်ပြောနေလေသည်။

"နော် ဒယ်ဒီနော် သားလည်းစီးချင်တာမို့ဒယ်ဒီဝယ်
ပေးပါနော် နော်လို့"

"ဝယ်ပေးရမှာပေါ့ ဒယ်ဒီရဲ့အသည်းလေးကတောင်း
ဆိုနေမှတော့ဒယ်ဒီကဝယ်ပေးရမှာပေါ့"

မောင် || 𝖵𝖮𝖯𝖤 ||Where stories live. Discover now