မောင် - ၂

446 71 7
                                    

Unicode

10years later..

"ရား ပတ်ဂျီမင်း မင်းကကလေးလား ဘာလို့ငိုနေတာလဲ ဟမ်"

"ဟင့် ငါ..ငါလည်းဝမ်းနည်းလို့ပါဘီဘီရာ"

"ဝမ်းနည်းရအောင် ငါကသေဖို့သွားမှာလား ပြန်လာမှာပဲဟာကို"

"ရား ဘာတွေလျှောက်ပြောနေတာလဲ"

"တိတ်ပါတော့ဟာ အခုကလေယာဥ်ကွင်းမှာလေ လူတွေနဲ့မရှက်ဘူးလားဟမ်"

"ငါ့ဘာသာငါငိုတာဘာကိစ္စရှက်ရမှာ ဟွန့်"

ဟုတ်ပါသည် ဟိုဆော့ကိုနိုင်ငံခြားပညာတော်သင်လွှတ်ဖို့အတွက်လေဆိပ်ကိုရောက်နေခြင်းပင်။

ဒါကိုပတ်ဂျီမင်းသည်သူကပဲနိုင်ငံခြားမှာတစ်သက်လုံးနေလိုက်မည်ဟုထင်နေသည်လားမသိ လေဆိပ်မှာလာငိုယိုနေခဲ့သည်။

"ပတ်ဂျီမင်း တိတ်တော့ဟာ ငါနောက်ကျလိမ့်မယ်"

"ဟင့် အင်းပါ"

ဂျီမင်ဆီမှအင်းဆိုသည့်အသံကြားမှဘေးတွေရပ်နေသောဒယ်ဒီ၊မာမီနဲ့ကြီးကြီးတို့ကိုနှုတ်ဆက်ရတော့သည်။

"ဒယ်ဒီ ကျန်းမာရေးကောင်းအောင်နေနော်သိလား"

"ဟုတ်ပါပြီ ဒယ်ဒီအသဲတုံးရဲ့ လာပါအုံး ဒယ်ဒီကိုလာဖက်ပါအုံး"

ဒယ်ဒီစကားအတိုင်းဒယ်ဒီဆီလှမ်းသွားရင်းပွေ့ဖက်လိုက်သည်။

"မာမီရောကြီးကြီးရောကျန်းမာရေးကောင်းအောင်နေကြနော် ကျွန်တော်ကိုဆက်သွယ်လို့အဆင်မပြေရင်
စာတိုက်ကြီးကနေပဲစာတွေပို့နေပေးပါ"

မာမီကခေါင်းငြိမ့်ပြရင်းသူ့အားဖက်ရန်လက်နှစ်ဖက်အားဆန့်ရင်းလှမ်းပြလေသည်။

"သားလည်းကျန်းမာအောင်နေ စာလည်းကြိုးစားဟုတ်ပြီလား အားရီးဂူး"

"ဟုတ်ကဲ့မာမီ"

"ကြီးကြီးကတော့မင်းကိုမသွားစေချင်ဘူးကွယ်"

"ကြီးကြီးရယ်"

အမှန်ဆိုအခုလိုမျိုးသူ့အားနိုင်ငံခြားပို့မည်ကိစ္စကိုကန့်ကွက်ခဲ့သည့်သူတွေထဲမှာဂျီမင်နဲ့ကြီးကြီးလည်းပါလေသည်။

မောင် || 𝖵𝖮𝖯𝖤 ||Where stories live. Discover now