မောင် - 3

637 69 11
                                    

Unicode

"

ကင်မ်ထယ်ယောင်းပါ"

"ဟုတ်ကဲ့ ဂျောင်ဟိုဆော့ပါ"

ကကြီးပုံသဏ္ဍာန်နှုတ်ခမ်းပါးနှစ်ဖက်ကွေးညွှန့်သည့်အထိပြုံးရင်းလက်ကမ်းကနှုတ်ဆက်လာသည့်ထိုလူကြောင့်အလိုက်အထိုင်လက်ဆွဲရင်းပြန်လည်းနှုတ်ဆက်ပေးတော့ခပ်ဟဟရီလေသည်။

ဘာရီစရာများပါသွားလို့လဲ ??

"ကိုယ်သိတယ်လေ မင်းအစည်းအဝေးခန်းမမှာတုန်းကပြောသွားတာ မဟုတ်ဘူးလား"

"အာ.."

ထိုလူ့ဘက်မှပြုံးကပြောနေသည့်မို့ခုနကဖြစ်သွားသည့်မိမိမျက်နှာကြောင့်ပြန်တောင်းပန်ရမလိုလိုပင်။

"ထယ်ယောင်းရှီ ဘာသောက်မလဲ"

"နေပါစေ ကိုယ်ပြန်လိုက်ပါအုံးမယ်"

"ဟုတ်"

"နောက်မှထပ်တွေ့ကြတာပေါ့ ဟိုဆော့ရှီ"

ထိုင်နေရင်းမှထကာနှုတ်ဆက်ရင်းကိုယ့်အရှေ့မှလှည့်ထွက်သွားသည့်သူ။

နေပါအုံး နောက်မှထပ်တွေကြမယ်လို့ပြောလိုက်တာ
လား? ဒါဆိုထပ်တွေ့အုံးမယ်ဆိုတဲ့သဘောပေါ့။

ထပ်တွေ့သည်မတွေ့သည်ထပ်သူဟာထိုလူကြောင့်မေးခွန်းများစွာနှင့်ကျန်ရစ်ခဲ့သလို ရင်တွေဟာလည်း
ခုန်လွန်နေခဲ့သည်။..။

• •

"ဒီတော့လက်ထပ်တော့မယ်ပေါ့ ?? "

အရှေ့မှဂျီမင်သည်ခေါင်းငြိမ့်ကာအဖြေပြန်ပေးလေသည်။

လက်ထပ်ဖိတ်စာတစ်ခုအားကိုင်ဆောင်ကာကိုယ်ရှိရာသို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာသောဂျီမင်သည် သူလက်ထပ်တော့မယ်ဆိုသည့်အကြောင်းအားပြောဆိုနေလေသည်။

ဖိတ်စာအားစားပွဲပေါ်တွင်တင်ကာလုပ်လက်စအလုပ်အားဆက်လုပ်တော့ဂျီမင်ဆီမှမကျေနပ်သံတစ်ချို့ကြားရလေသည်။

"ဒီလောက်ပဲလား ဘာမှထပ်မပြောတော့ဘူးလား"

"အင်းလေ ဘာထပ်ပြောပေးရအုံးမှာလဲ"

မောင် || 𝖵𝖮𝖯𝖤 ||Where stories live. Discover now