(Part-6)ငယ်🤍

468 36 12
                                    

Unicode

Chleoနဲ့ Dracoတို့ကြည်နူးနေတာကို ဝမ်းနည်းစွာ ငေးနေရတဲ့ Pansyကတော့ သနားစရာကောင်းလွန်းလှတယ်။သူ့ပါသူ မကောင်းတဲ့သူပဲဖြစ်ပါစေ ဒီလိုမြင်ရ‌တာတော့သနားမိတယ်။တဖက်မှာလဲ Ronက ပိုင်ရှင်ရှိသွားပြီဖြစ်တဲ့ကောင်မလေးကို ငေးကြည့်နေရုံပဲတတ်နိုင်ပါတော့တယ်။

Harry:"Ron မင်းကိုအဲ့လိုတွေ့ရတာတကယ် စိတ်မချမ်းသာဘူးကွာ မိန်းမမရှားပါဘူးကွာ မင်းကလဲ"
Ron:"မိန်းမမရှားတာမှန်ပေမဲ့ ငါက သူမ ကိုပဲ ပိုင်ဆိုင်ချင်တာကွ...မင်းနားလည်မှာမဟုတ်ပါဘူး"
Harry:"မင်းကလဲကွာ... Pansyကို ရောစိတ်မဝင်စားဘူးလား"
Ron:"မင်းကိုငါပြောပြီးပြီလေ ကျန်တဲ့ဘယ်အမျိုးသမီးကိုမှစိတ်မဝင်စားဘူးလို့"
ပြောမရတဲ့အဆုံး Harryလဲလက်လျှော့လိုက်ရတယ်။

Dracoနဲ့ Rsသက်တမ်း ကြာလာလေ Chleoလဲ Ronကို မေ့သလောက်ဖြစ်လေပါဘဲ။သူ့ကောင်လေးနဲ့သူ ပျော်ရွှင်နေပြီလေ။Dracoသာသူ့အနားရှိရင် ဘာမှမလိုဘူးဆိုတဲ့အချစ်မျိုးပေါ့။Dracoကလဲ Chleoအပေါ် ကို ပြောမပြတတ်အောင်ချစ်တယ်။Dracoက Chleoထက် လပိုင်းပဲကြီးပေမဲ့ တခါတလေ ဆိုးတတ်တာမို့ ကိုလို့ပဲခေါ်လို့ရှိတယ်။Dracoကတော့ သူမကို ငယ် လို့ပဲခေါ်လေ့ရှိတယ်။

ဒီလိုနဲ့ကျောင်းနှစ်ဝက်ကိုကျော်ပြီးတဲ့အပြင် ကျောင်းပိတ်ရက်ကိုတောင်ရောက်လာခဲ့ပြီပေါ့။ကျောင်းသား/သူတွေလဲ အချင်း'နှုတ်ဆက်နေကြတယ်။Chleoကတော့Draco နဲ့ကျောင်းပိတ်တဲ့ လပိုင်းလေးတောင်မခွဲချင်ပါဘူး။သူတို့က မြို့မတူတဲ့အတွက် ကျောင်းပိတ်တဲ့လပိုင်းအတွင်းမှာ စာနဲ့ပဲဆက်သွယ်လို့ရမှာဖြစ်တယ်။

Chleo:"မခွဲချင်ဘူးလေ ပြီးတော့ ငယ်တို့က မြို့လဲမတူဘူးလေ။"
Draco:"သုံးပါတ်တခါလောက်ငယ်တို့မြို့ကိုလာလည်မယ်လေ ကျောင်းကလဲ ၃လလောက်ပဲပိတ်တာပါ"
Chleo:"ခနလေးတောင်မခွဲချင်တာကို...."
Draco:"ကိုလဲ ဘယ်ခွဲချင်မလဲ ငယ်ရယ် ဒါပေမဲ့ ရွေးချယ်စရာမရှိတာငယ်လဲသိပါတယ်။
Chleo:"အင်းပါ အဲ့တာဆို ကို လာလည်မယ်ဆို စာပို့လိုက်နော်"
ပြီးတော့ Chleoတို့လဲနှုတ်ဆက်ပြီး ကိုယ့်မွေးရပ်ကိုပြန်သွားကြတယ်။

Chleoလဲ အိမ်ပြန်ရောက်ပေမဲ့ စိတ်က Dracoဆီပဲရောက်နေခဲ့တယ်။အဲ့တာကိုသတိထားမိတဲ့ Chleo's Momက

To Imaginary World(Completed✓)Where stories live. Discover now