Unicode
နေ့ရက်များကုန်လွန်လာခဲ့သည်။Chleoရဲ့ စိတ်ကျန်းမာရေးအခြေနေက ပိုဆိုးလာသည်။Draco ကွာရှင်းလက်မှတ်ထိုးခိုင်းမည့်နေ့ကို သူမ ရဲ့ အခန်းကျဉ်းထဲမှာ စောင့်နေရသလို ဖြစ်နေသည်။ထိုနေ့ မကြာခင်ရောက်လာတော့မည်ဆိုတာလဲ သူမ ကြိုသိနေခဲ့သည်။အရင်အချိန်တွေက သူမအေတွးများကိုစိုးမိုးထားသည်။သို့ေသာ် အရင်လိုအချိန်များကိုပြန်မရနိုင်တော့သည်ကို သူမ သိနေသည်။သူမ ဘာကိုမှအာရုံမစိုက်နိုင်တော့သည်မို့ Hogwartsမှ ကျောင်းထွက်လိုက်သည်။Dracoကတော့ ကျောင်းဆက်တက်ဆဲ.....။
သူမ Hogwartsနဲ့ ဝေးသည့် မြို့လေးတမြို့မှာ တိုက်ခန်းငှားပြီးနေ နေသည်။သူမစိတ်အခြေနေကို သိနေသည့် သူမ မိဘများက ပိုက်ဆံ ထောက်ပံ့ပေးမည်ဟုပြောသော်လဲ သူမ လက်မခံဘဲ ကော်ဖီဆိုင်တခုမှာ နေ့စားဝင်လုပ်သည်။Dracoနဲ့ တော့ စာအဆက်သွယ်ရသည်။
မနက်ခင်းလေးတခုမှာ သူမ ပုံမှန်အတိုင်း ကော်ဖီဖျော်ပြီး ဆိုင်ခင်းနေသည်။ထိုစဉ် သူမရဲ့ သူငယ်ချင်းဖြစ်သည့် Hermione ရောက်လာခဲ့သည်။
Chleo:"ဟယ် Hermione ရုတ်တရက်ကြီး ဘလိုရောက်လာတာလဲ လာမယ်ဆိုတာတောင်ကြိုမပြောဘူး"
Hermione:"အေးဟ ငါလဲ ဒီရက်ပိုင်းစိတ်နဲ"ပင်ပန်းနေလို့ ဒီမြို့လေးမှာ ခနလာနားတာ ဒီမြို့လေးက အပန်းဖြေလို့အဆင်ပြေတယ်လေ ဒါနဲ့ Dracoနဲ့အခြေနေကိုပြောစမ်းပါအုံး"
Chleo:"ဒီလိုပါပဲဟယ် စာနဲ့ပဲအဆက်သွယ်ရတာ သုံးလလောက်ရှိတော့မယ် သူလာမတွေ့တော့လဲ ငါလဲသွားမတွေ့တော့ပါဘူး"
Hermione:"နင်တို့က တွဲနေတုန်းလား"
Chleo:"အင်း ဒါပေမဲ့ အမည်ခံသက်"ပါပဲဟာ ဒီဆက်ဆံရေးကြီးက ခြောက်ကပ်နေပါပြီ စေ့စပ်ထားလို့သာပေါ့"
Chleo သက်ပြင်းရှည်တချက်ချလိုက်သည်။
Hermione:"Dracoက Daisyနဲ့တွဲတယ်လို့သတင်းတွေထွက်နေတယ် သူလှေနံနှစ်ဖက်နင်းသလိုဖြစ်နေပြီ"
Chleo:"ငါလေ...ငါ...သူ့ကို လက်မလွှတ်နိုင်ဘူး Hermioneရာ...."
Hermione:"ငါလဲ နင့်အတွက်တကယ်စိတ်မကောင်းဘူးဟာ...."
ထိုစဉ် ကော်ဖီဆိုင်တံခါးကို တွန်းဖွင့်ပြီး ငွေရောင်ဆံပင် နှင့် လူတဦးဝင်လာသည်။ထိုလူရဲ့ ကိုယ်သင်းရနံ့ကို Chleoကောင်း"ရင်းနှီးနေသည်။ရင်ဘက်ထဲ တချက်အောင့်သွားသော်လဲ အားယူကာ ထိုလူရဲ့မျက်နှာကိုကြည့်လိုက်သည်။ထင်တဲ့အတိုင်း Draco ဖြစ်သည်။သူ့လက်ထဲမှာလဲ ဖိုင်တွဲတချို့ ကိုင်ထားသည်။
Draco:"မင်းဒီမှာရှိနေမယ်ဆိုတာ သိတယ် ငါအခု ကွာရှင်းဖို့လာတာ မင်းလက်မှတ်ထိုးပေးရုံပဲ ပိုင်ဆိုင်မှုတွေလဲ မင်းပဲယူ မင်းလဲသိနေတာပဲ ဒီဆက်ဆံရေးကြီးက လုံးဝ အဆင်မပြေတော့ဘူးဆိုတာ ဆိုတော့ငါတို့ကွာရှင်းလိုက်တာကောင်းမယ်"
Chleo:"အင်း ကွာရှင်းကြတာပေါ့😊"
ဘောပင်ကိုသူမ လှမ်းယူလိုက်ပြီး လက်မှတ်ထိုးပေးလိုက်သည်။သူမ မျက်ရည်များက စာရွက်ပေါ်သို့ တစက် တစက် ကျနေသည်။ကွာရှင်းဖို့ သဘောတူညီမှုရပြီးနောက် Dracoလဲ ဆိုင်ထဲကထွက်သွားသည်။မနက်စောစော မို့ တခြား Customerများမလာသေးပါ။ဆိုင်ထဲမှာ Hermione နှင့် Chleoသာကျန်တော့သည်။
Hermione:"စိတ်မကောင်းလိုက်တာဟာ ငါDracoကိုလူကောင်းလို့ထင်မိတာ နင်လဲ အားတင်းထားပါနော် ငါ သွားလိုက်အုံးမယ် လိုတာရှိရင်ပြောနော်"
Chleoလဲမျက်ရည်များကိုသုတ်လိုက်ပြီး အလုပ်ဆက်လုပ်ဖို့ပြင်လိုက်သည်။တနေကုန် အလုပ်မှာပဲအာရုံစိုက်ထားသည်။မငိုမိအောင်လဲ မနဲထိန်းထားရသည်။
YOU ARE READING
To Imaginary World(Completed✓)
Misterio / SuspensoStory Titleအတိုင်း ကိုယ့်စိတ်ကူးယဉ် ကမ္ဘာထဲကိုရောက်သွားတဲ့ကောင်မလေးအကြောင်းပါ ✨Harry Potter Charactersတွေလဲပါ"မယ် Mystery တွေ စွန့်စားခန်းတွေနဲ့ ကြည်နူးစရာ အချစ်အကြောင်းတွေကို ဖတ်ရတာကြိုက်တယ်ဆိုရင်တော့ ဒါလေးကိုဖတ်ကြည့်ဖို့ Recommendပေးပါတယ်နော်✅Pott...