(part8)If Happy ever after did exist

288 30 23
                                    

Unicode
အေးစက်ပြီးတိတ်ဆိတ်နေသော စာကြည့်တိုက်ကြီးကို ပြတင်းပေါက်မှ နေရောင်နွေးနွေးလေးတွေက ထိုးဖောက်လာသည်။တိတ်ဆိတ်နေသောပတ်ဝန်းကျင်သည်လဲ ငှက်အော်သံများကြောင့် မတိတ်ဆိတ်နိုင်တော့ချေ။ထိုအချိန် ပြတင်းပေါက်ဘေးမှခုံမှာ အိပ်ပျော်နေသော Dracoနိုးလာသည်။အော်သူ ညက စာကြည့်တိုက်ထဲမှာ အိပ်ပျော်သွားတာပါလားဆိုတာသတိရသွားသည်။သူ့ရှေ့မှာတော့ ငွေရောင်ဆံပင်လေးနဲ့ကောင်မလေးက ခုံ‌ေ‌ပါ်မှာ ခေါင်းထားပိးအိပ်ပျော်နေသည်။ပြန့်ကျဲနေသော ငွေရောင်ဆံပင်လေးများပေါ်မှာ နေရောင်လေးများကျနေသည်မှာ အလွန်လှလွန်းသည်မို့ Dracoတယောက်သူမကို ‌မိနစ်အနဲငယ်အကြာငေးကြည့်နေမိသည်။ထို့နောက် Chleoလဲနိုးလာပြီး Dracoကသူ့ရှေ့မှာရှိနေသေးသည်ကိုတွေ့လိုက်ရသည်။
"အော်ရှိသေးတာဘဲ ပြန်သွားပြီထင်တာ ဒါနဲ့ ဘယ်နနာရီထိုးပြီလဲ"
Dracoလဲ သူ့နာရီကို တချက်ကြည့်လိုက်ပြီး
"၇နာရီခွဲပြီ"
"ဟာ အတန်းတက်ဖို့နောက်ကျတော့မှာဘဲ"
"ဟိတ်ခန ဒီနေ့အတန်းတက်စရာမလိုဘူးလေ"
"အော် ဟုတ်သားပဲ"
Chleoလဲ နဲနဲရှက်သွားသည်။
သူတို့လဲ မနက်ပိုင်းအတန်းမရှိသည်မို့ ပန်းခြံရဲ့ ခုံတန်းရှည်တခုမှာ ထိုင်ရင်း စကားပြောဖို့လုပ်ကြသည်။
မနက်ခင်းနေရောင် ခပ်နွေး"လေးအောက်တွင် စုံတွဲနှစ်ယောက်က ပြည့်စုံလွန်းလှသည်။ထိုအချိန် Hermioneက Chleoဘေးနာမှာလာထိုင်ခဲ့သည်။Hermioneနှင့်အတူ အသားခပ်ညို"ကောင်မလေးတယောက်လဲပါလာသည်။သူမနာမည်က "Daisy".
Hermione:သူက Daisyလေ ငါနင်တို့နဲ့လာမိတ်ဆက်ပေးတာ"
Chleo:"ဟုတ်ပါပြီ တွေ့ရတာ ဝမ်းသာပါတယ် Daisy"
Draco:"Nice To Meet You Daisy"
Daisy:"ဟုတ်အကုန်လုံးခင်ပေးကြလို့ကျေးဇူးပါ"
Chleo:"ဒါနဲ့ Gryffindorကလား"
Daisy:"ဟုတ်တာပေါ့"
သူတို့လဲ မနက်ပိုင်းအချိန်ခနလေးမှာပင် တော်"ရင်းနှီးသွားကြသည်။
Chleo:"နောက်ဆို ငါတို့နဲ့တွဲသွားတွဲလာ လုပ်လေ"
Daisy:"ပြောစရာလိုသေးလို့လား လုပ်မှာပေါ့"

Time Skip To Next 2 Months
Daisy,Chleoနဲ့ Dracoတို့လဲ ‌ကြားမှာ လျှိ့ဝှက်ချက်မရှိလောက်အောင်ရင်းနှီးလာခဲ့သည်။
Draco:"မင်းတို့နှစ်ယောက်အတွက် ပုစွန်ကျော်ဝယ်လာခဲ့တယ်"
Daisy:"ဟ" ငါ့အကြိုက်ကိုမှတ်မိသားပဲ"
Dracoတယောက် Daisy fav foodကိုမှတ်မိသော်လဲ Chleoက ပုစွန်စားရင် အလက်ဂျစ် ဖြစ်တတ်သည်ကို ကိုမူ မေ့နေသည်။သို့သော်လဲ Chleoဘာမှမပြောတော့ဘဲ dracoဝယ်လာတဲ့ မုန့်ကိုပဲလှမ်းယူထားလိုက်သည်။
Draco:"ငယ် စားလေ ဘာဖြစ်လို့လဲ"
Chleo:"ဟို.....ငယ် ကပုစွန်နဲ့မတည့်ဘူးလေ...."
Draco:"အော် ဟုတ်သားပဲ တောင်းပန်တယ်ကွာ နောက်တခါသတိထားမယ်"
Chleo:"အင်း ရပါတယ်"
Chleo စိတ်ထဲတော့ သိပ်မကောင်းချေ။
နေ့ရက်တွေကြာလာတာနဲ့အမျှ Dracoတယောက် အရင်ကလိုသူမအပေါ် ဂရုမစိုက်တော့သည်ကို ခံစားမိလာသည်။တဖက်မှာလဲDaisy နဲ့ Dracoက ရည်းစားလို့တောင် အမှတ်မှားလောက်အောင် ရင်းနှီးလာနေသည်။

To Imaginary World(Completed✓)Where stories live. Discover now