a

1.5K 50 4
                                    

_တကယ်ပဲ နာမည်တွေက သဲသဲနဲ့ ကဲကဲလား

_အေး

_ညီအမတွေလား

_မဟုတ်ဘူး။သူငယ်ချင်းတွေတဲ့။

_နာမည်အရင်းတွေတော့ ဟုတ်လား...

_သဲသဲနာမည်ကို သဲသဲလို့ပဲ ငါသိခဲ့တာ။ ကဲကဲနာမည်ကတော့ ကဲကဲကျော်တဲ့။

_အဲ့ဒီနာမည်လေး၂ခုနဲ့ ကျနော့်ကို လူရှာခိုင်းတာပေါ့။ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရတာကမှ လွယ်အုံးမယ် အကိုရာ။

_ပုံပို့ထားတယ်လေ။ နောက်ပြီး ဆွဲကြိုးကလေးရော ပုံပြထားတယ်လေ။သူတို့နှစ်ယောက်က အဲ့ဒီဆွဲကြိုးလေးဆင်တူရှိတာ။ သေချာပေါက် ကဲကဲဆိုတဲ့ ကောင်မလေးဆီမှာ အဲ့ဒီ ဆွဲကြိုးကလေး ရှိနေလိမ့်မယ်။

အံ့ထူးလွင်က အကိုဖြစ်သူကို ပို့ထားသော ဓာတ်ပုံနှစ်ပုံကို သေချာထောက်ကြည့်လိုက်သည်။ ဆွဲကြိုးလေးက ကျောက်စိမ်းကလေးများနှင့်ပုံဖော်ထားသည့် အစိမ်းရောင် Lucky clover (🍀) သစ်ရွက်ပုံ ဆွဲသီးကလေးနဲ့ ဆွဲကြိုးကလေးဖြစ်ပါသည်။ နောက်တစ်ပုံကတော့ ကောင်မလေးနှစ်ယောက်ပုံဖြစ်ပါသည်။ အကိုသာ ထိုဓာတ်ပုံထဲက နှစ်ယောက်စလုံးက မိန်းကလေးတွေလို့ ကြိုမပြောခဲ့ရင် လျှာထိုးဦးထုပ်ခဲရောင်ကလေးနောက်ပြန်စောင်းထားတဲ့ ဆံပင်ဂုတ်ထောက်ကောင်မလေးကို ယောက်ျားလေးလို့ထင်မိပြီး ထိုနှစ်ယောက်ကို အတွဲလို့ထင်မှတ်မှားနိုင်ပါသည်။ ထိုတစ်ယောက်က ကဲကဲဆိုသော တစ်ယောက်ဖြစ်ရမည်။ ဘေးက နူးနူးညံ့ညံ့ကလေး ပြုံးနေသော မိန်းကလေးကတော့ သဲသဲပဲ ဖြစ်လိမ့်မည်။

_ကဲကဲကိုရှာမတွေ့ခဲ့ရင်တောင် သဲသဲကို တွေ့အောင်ရှာပေးကွာ။ အဲ့ဒီတုန်းက သူတို့က ဆယ်တန်းအောင်ပြီးကာစတဲ့။ မင်းတာဝန်ကျမယ့်မြို့က စီးပွားရေးကျောင်းမှာ ဝင်ခွင့်ရထားတယ်လို့ ပြောကြတာပဲ။ မင်း အဲ့ဒီကျောင်းမှာ 201- နှစ်အောင် အတန်းမှာ စုံစမ်းပေး။

တကယ်ပဲ အကိုက ပြန်လာခါနီးမှ ဘာတွေစိတ်ကူးပေါက်ပြီး လွန်ခဲ့သော ၆နှစ်လောက်က တွေ့ခဲ့တဲ့လူကို ရှာချင်နေရတာပါလိမ့်။

_ဘယ်မှာ တွေ့ခဲ့ကြတာလဲ

သူ စာပို့လိုက်တော့ ချက်ချင်းပဲ ပြန်ပို့သည်။

When I find four leave clover againWhere stories live. Discover now