" မိုးသည်းရေ.... "
ပြန်ထူးသံမကြားရ။ တံခါးခေါက်ကြည့်သည်။ ဘာ အသံမကြားရ။
" မေကဲ ဝင်ခဲ့မယ်နော်.... "
ကဲကဲ အခန်းထဲ ဝင်သွားတော့ မိုးသည်းက အင်္ကျီချွတ်နေသည်။
" ဘာလို့ဝင်လာတာလဲ.... "
" ဘာမှ ပြန်ထူးသံမှ မကြားတာ "
" ရေချိုးမလို့.... "
" ဟုတ်လား.... ခဏနေပါဦး "
ကဲကဲက မိုးသည်းကို ဆွဲချကာ ထိုင်ခုံပေါ် ထိုင်စေသည်။
" ဘာလုပ်ဦးမလို့လဲ.... "
" မနေ့ညက အိမ်ပြန် နောက်ကျတယ်နော် "
" အင်း.... "
" မနေ့က သူငယ်ချင်းတွေနဲ့ တွေ့တာ ကောင်မလေးတွေရော ပါတယ်မလား။ သူတို့ရောပါတာကို အဲ့လောက် နောက်ကျအောင် မနေနဲ့လေ.... "
" သူတို့ကို အစောကြီး ပြန်ပို့ခဲ့တာပါ "
" ဟုတ်လား.... "
ကဲကဲက အင်္ကျီအိတ်ထောင်ထဲက ကတ်ကြေးကို ထုတ်လိုက်သည်။
" ဘာလုပ်မလို့လဲ... "
" ဆံပင် ဖြတ်ပေးမလို့။ ငြိမ်ငြိမ်ထိုင်နေ.... "
မိုးသည်းထရပ်တာကို အတင်းဆွဲချကာ ထိုင်ခိုင်းသည်။
" စကားကို နားထောင်စမ်း။ လူပုံစံက ညှင်းသိုးသိုးနဲ့.... မလိုက်ပါဘူး "
" လူက အသက်ကြီးလာတော့ မေလေးတို့ အပျိုကြီးတွေလို ပူညံပူညံစကားတွေ ပြောတတ်လာပြီပဲ... "
" ဘာရယ်.... "
" ဘာမှ မဟုတ်ဘူး။ ဆံပင် မဖြတ်ချင်ဘူး... ရေသွားချိုးတော့မယ် "
ချွတ်ထားတဲ့အင်္ကျီကို ပခုံးပေါ်တင်ကာ ထရပ်တာကို ကဲကဲက သူ့ခြေသလုံးကို ပိတ်ကန်ကာ...
" အမေ့စကားကို နားထောင်စမ်း... မိုးသည်း။ ဒီအရွယ်က ပုန်ကန်တတ်တာ ငါသိတယ်။ တစ်နေ့ ပုန်ကုန်တတ်တဲ့ စိတ်ကြောင့် နင် ဒုက္ခရောက်လိမ့်မယ်.... "
ဒီကောင်လေးက သဲသဲအတိုင်းပဲ။ သူမစကားကိုဆို နားမထောင်တဲ့ ကလေး။ မိုးသည်းက ရှေ့က ကာဆီးကာဆီးလုပ်နေတဲ့ ကဲကို တွန်းချကာ....
CZYTASZ
When I find four leave clover again
Krótkie OpowiadaniaZawGyi code is below. About the unnameable loves.