3

634 55 1
                                    

" ကျနော် ကလေးမယူချင်ဘူး... "

" ရပါတယ်... မင်းသဘောပါ။ ဒါပေမယ့် ဘာလို့လဲ.... ကဲ "

" မထူးဆန်းဘူးလား။ ကလေးလေးကို ဗိုက်ထဲလွယ်ထားရတာလေ။ ကြောက်စရာကောင်းတယ်... "

" အင်းပါ။ နားလည်ပြီ.... "

" နှစ်ဖက်စလုံးက မိဘတွေက ကလေးယူစေချင်ကြတာ။ ကျနော် တကယ်မယူချင်ဘူး... ခင်ဗျား နောက်ကျမှ အတင်းယူခိုင်းတာတွေ ကလေးလိုချင်တယ်တွေ ကျနော် မကြားချင်ဘူး "

" လက်ထပ်ဖို့အတွက် သဘောတူညီချက်က အဲ့ဒီတစ်ခုပဲလား "

" အင်း.... "

အံ့ထူးလွင်က မျက်နှာကြောတင်းတင်းလေးနဲ့ ကောင်မလေးကို ကြည့်ကာ ရင်ထဲ ဘဝင်မကျမိ။ သူမက ဒီနှစ်တွေထဲမှာ ရယ်မောတတ်တဲ့မိန်းကလေးတစ်ယောက်အဖြစ် ပြောင်းလဲလာခဲ့ပြီကို... ဒီတစ်နွေကုန်သွားခါမှ ဘာဖြစ်သွားတာလဲ။ ဒီနွေမှာ ဘာတွေ ဖြစ်ခဲ့သလဲ။ ကဲကဲက ပထမဆုံးစတွေ့စအချိန်တွေတုန်းကလို ပြန်ဖြစ်သွားသည်။

" မိုးသည်းကို ပြောပြပြီးပြီလား "

" မင်္ဂလာပွဲကိစ္စလား​။ သူ သိမှာပါ "

" အင်း.... "

ကဲကဲက သူ့ဘေးက ထသွားသည်။ ထို့နောက် ပန်းစည်းတဲ့နားမှာ အဝါရောင်နှင်းဆီပန်းတွေကို ယူကာ စည်းနှောင်နေသည်။ သူတို့ ပထမဆုံးတွေ့တဲ့ နေ့တုန်းကလည်း ကဲကဲက နှင်းဆီဝါတွေကို စည်းနေခဲ့သည်။ ဆံပင်တွေကို လျော့တိလျော့ရဲ စည်းထားပြီး ​ကော်လံပါတဲ့ ရှပ်အင်္ကျီအဖြူရောင်လးကို ဝတ်ထားပြီး အဲ့ဒီကောင်တာမှာ စတိုင်ကျကျလေး ထိုင်​ပြီး စည်းနေတဲ့ပုံလေးက ဒီနေ့လိုလေးပဲ ဖြစ်သည်။ ဘာဆို ဘာမှ ပြောင်းလဲ မသွားခဲ့ဘူး....

" အာ့.... "

ကဲကဲက နှင်းဆီဆူးစူးသွားတဲ့ သူမလက်ချောင်းလေးကို တစ်ချက်ပဲကြည့်ကာ ဆက်​ပြီး ပန်းကို စည်းနှောင်နေသည်။ နှင်းဆီတွေကို တယုတယမကိုင်တတ်သေးတာလည်း အခုထိဆိုပေမယ့် ဆူးစူးလို့ ထွက်လာတဲ့သွေးတွေကို အရင်ကလို နှုတ်ခမ်းနားတေ့ကပ်ကာ မစုပ်တော့ဘူး။ ပလာစတာ ပြေးယူပြီး မကပ်တော့ဘူး။ ထပ်တူညီတဲ့ ဒဏ်ရာတွေက ရနေဆဲပေမယ့် အရင်ကလို ထိရှလွယ်တဲ့ ကဲ မဟုတ်တော့ဘူး။ သူမက.... ဒီဒဏ်ရာတွေကို အသားကျနေခဲ့ပြီ။

When I find four leave clover againWhere stories live. Discover now