c_end.

478 45 0
                                    

မိုးသည်းလေးဟာ ကဲတို့ဆီကိုရောက်လာခဲ့တာ ကံကောင်းလွန်းလို့။ ဒီကလေးဟာ သဲသဲတို့ မိသားစုမှာတော့ အရှက်ရစရာ အမှားအယွင်း တစ်ခုပေမယ့် ကဲတို့ အိမ်မှာတော့ ဆည်းလည်းကလေး။ အဒေါ်အပျိုကြီးတွေက အမေကြီးဆုံးတော့ ကဲတို့ရှိရာကို ပြောင်းလာခဲ့ကြသည်။ အိမ်ထောင်ကျတာဆိုလို့ ညီအမတွေထဲမှာ ကဲမေမေပဲရှိပြီး ကဲတစ်ယောက်ကိုပဲ မွေးခဲ့လို့ အပျိုကြီးများက ငယ်ငယ်ထဲက ကဲကို အလိုလိုက်ကာ အချစ်ပိုကြသည်။ ယောက်ျားလျှာလေးလို နေတော့လည်း အပြစ်မဆိုကြပေမယ့် ကဲကို မိန်းကလေးလို မြင်ချင်ကြသည်။ မိုးသည်းလေးရောက်လာပြီးနောက်ပိုင်း ကဲက မိန်းကလေးလို နေတတ်လာပြီး ဆံပင်ရှည်တွေထားတတ်လာတော့ မိုးသည်းကြောင့် ကဲလေး လိမ္မာလာတာဆိုပြီး မိုးသည်းကို ချစ်ပေးကြသည်။ နောက်ပြီး သဲသဲ အခုလို ဖြစ်သွားရတာကို သူတို့အပြစ်လည်း မကင်းဘူးလို့ သူတို့က ခံယူထားတာကြောင့် သဲသဲကိုပါ မငြိုမငြင် စောင့်ရှောက်ပေးခဲ့ကြပါသည်။ သဲသဲသာ တက္ကသိုလ်တက်ဖို့ဆုံးဖြတ်ခဲ့ရင် ကဲနဲ့အတူ တက္ကသိုလ် တောင်ထားပေးအုံးမှာ ဆိုပေမယ့် သဲသဲကတော့ အဝေးသင်ပဲ တက်ဖို့ ဆုံးဖြတ်ခဲ့ပါသည်။

" ကဲလေး.... ဆေးရုံသွားမှာ မလား "

" ဟုတ်တယ် "

" သဲသဲ အခြေနေကရော.... "

" ဆရာဝန်က ဘာမှ မပြောဘူး.... "

" ဟုတ်လား.... အေးပါ။ ဖက်ထုပ်လုပ်ထားတာတွေ ရေခဲသေတ္တာထဲမှာ ရှိတယ်မလား။ သဲသဲကြိုက်တယ်.... ကြော်ယူသွားလေ။ စားလို့ရတယ်မလား.... "

" သဲ ပြောတာတော့ စာလို့ရတယ်တဲ့... "

" ဟုတ်လား.... မိုးသည်းရော ခေါ်သွားဦးမလို့လား။ ထားရင် ထားခဲ့လေ.... ငါတို့နဲ့ဘုရားခေါ်သွားလိုက်မယ် "

" မိုးသည်းက နေမှာမဟုတ်ဘူးရယ်.... နောက်ပြီး သဲသဲကလည်း သူ့ကလေးကို မျှော်နေမှာ "

" အေးပါ... "

သူမက ရေခဲသေတ္တာထဲက ဖက်ထုပ်တွေထုတ်ကာ ဆီဒယ်အိုးထဲ ထည့်လိုက်သည်။ ဆီတွေစင်တော့ သူမ နောက်ဆုတ်လိုက်ပြီး ခပ်လှမ်းလှမ်းကနေ ကြော်ရသည်။ သဲသဲဆိုရင်တော့ ဟင်းချက်တာ သိပ်တော်တာ။ ဘာချက်ချက် စားလို့ကောင်းသည်။ သူမနေကောင်းခါကျရင် သူမချက်ကျွေးတဲ့ ဟင်းတွေ စားချင်သေးသည်။

When I find four leave clover againWhere stories live. Discover now