နှိုင်းဒီကာ.........
အောင်မြင်ကျော်ကြားတဲ့အသက်အငယ်ဆုံးစာရေးဆရာ.......
လူကောင်သေးသေးအရပ်လည်းသိပ်မရှည်ပဲ ဝိုင်းစက်နေတဲ့မျက်ဝန်း ဖြောင့်စင်းတဲ့နှာတံ ရဲပြီးဖောင်းနေတဲ့ပါးမို့မို့ ဝင်းမွတ်နေတဲ့အသားက ဖြူတာထက်ကိုလွန် ရှပ်အင်္ကျီအဖြူလက်ရှည်လေးကိုခေါက်တင်ပြီးအောက်က ပေါ့ပေါ့ပါးပါးချည်ဘောင်းဘီအရှည်လေးတွဲ၀တ်ရတာကြိုက်တဲ့ နှိုင်းဒီကာ......သတိုးတေဇ.......
အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ထဲက အသက်အငယ်ဆုံးစီးပွားရေးလုပ်ငန်းရှင် တစ်နှစ်မှာ အားရက်မရှိဆုံးလုပ်ငန်းရှင်တစ်ယောက်.....
ရန်ဖန်ရံခါ သူ့ရဲ့အပန်းဖြေရာစာအုပ်ဆိုင်လေးဆီသွားပြီးအချိန်ဖြုန်းတတ်တဲ့ စေ့စပ်သေချာပြီး တည်ကြည်ခန့်ညားတဲ့ သတိုးတေဇ.....ရှည်လျားတဲ့အရပ် ကျယ်ဝန်းတဲ့ရင်အုပ် ဖြူဖွေးတဲ့အသား စိမ်းနေတဲ့သွေးကြောတွေက သတိုးတေဇရဲ့ ဥပဓိရုပ်ကိုအင်မတန်ပြည့်စုံစေတယ်.....
ရန်ကုန်မြို့ရဲ့ ကားလမ်းမထက်မှာ ထုံးစံအတိုင်း ယဥ်ကြောပိတ်ဆို့လို့နေတယ်။
"အကို ကျွန်တော်တို့ဒီပုံစံအတိုင်းဆိုရင် လုပ်ငန်းရှင်အစည်းအဝေးကိုမမှီနိုင်ဘူးထင်တယ်"
ထူထဲပြီးစင်းနေတဲ့မျက်ခုံးမွှေးတွေကိုထိလုမတတ်ကျုံ့ပြီး သတိုးသူ့ရဲ့ လက်ထောက်ကို မျက်လုံးလှန်ကြည့်လိုက်တယ်။
"အစည်းအဝေးကဘယ်ချိန်လဲ"
"1နာရီပါအကို"
သတိုးလက်ကနာရီကိုငုံ့ကြည့်ရင်းနဲ့ ကားရဲ့အပြင်ဘက်ကိုငေးကြည့်လိုက်တယ်။
"နီးစပ်ရာ Hotel တစ်ခုကိုဝင်လိုက် အစည်းအဝေးကို Hotel ထဲမှာပဲ Projector နဲ့တက်မယ် အသင့်ပြင်ခိုင်းလိုက်ပါ"
"ဟုတ်ကဲ့အကို....."
သတိုး လက်ထောက် ဖုန်းတစ်လုံးနဲ့ ညွှန်ကြားချက်တွေပေးနေတယ် သတိုးကတော့ ကားသွားရာလမ်းနစ်လျှောက်က သစ်ပင်တွေကိုကြည့်ရင်းနဲ့ စိတ်အပန်းဖြေလိုက်တယ်။
YOU ARE READING
အချစ်ရဲ့နှလုံးသားလယ်ယာမြေ🌱🪴🌴🌳🌲(Bl story)
Romanceဒီ (Bl story)ဇာတ်သွားကို မင်မင် state schoolတုန်းက ရင်နဲ့နင့်အောင်ရေးခဲ့ရတဲ့ဇာတ်သွားလေးရေးမယ်လို့ဆုံးဖြတ်ထားတယ်။ ဒါက မင်မင်ရဲ့ အတော်ကြာမှထွက်လာတဲ့ come backလေးမို့လို့အားပေးကြပါဦးနော်။🙏 သတိုးတေဇ ငါတစ်ကိုယ်ကောင်းဆန်စွာမင်းကိုပစ်ထားခဲ့မိသမျှ မင်းမရှိ...