အချစ်ရဲ့ နှလုံးသားလယ်ယာမြေ-1

34 1 5
                                    

သစ်ပင်ပန်းပင် စိမ်းလန်းတာက......
မင်းကိုမြင်လို့ကြည်နူးရတဲ့ငါ့အပျော်တွေထက်စိမ်းစိုမလား?

အမှတ်တမဲ့မှာ အမှတ်တရတွေဖြစ်နေခဲ့တဲ့ သတိုးတေဇ တော်တော်နဲ့ခြေလှမ်းတွေ မလှမ်းဖြစ်ခဲ့ဘူး......

"အကို.....အကို......"

သတိုးရဲလက်​ထောက် မင်းထက် ခေါ်မှ သတိုးတေဇ သတိပြန်ဝင်တယ်။

"အော် အင်း......."

သတိုး ဓာတ်လှေကားဆီကိုလျှောက်လာရင်းနဲ့ Poster တွေ့တော့

"သူ့ CV from သုံးရက်အတွင်း ကိုယ်လိုချင်တယ်......."

"ဟုတ်ကဲ့ အကို"

မင်းထက် ဖုန်းတစ်လုံးနဲ့အလုပ်ထပ်ရှုတ်သွားရပြန်တယ်။

***************************************
"အကိုကအရမ်းချစ်စရာကောင်းတာပဲ"

"ကျေးဇူးပါဗျာ့"

ဒီနေ့က "နှိုင်းဒီကာ" ရဲ့ တတိယမြောက် စာအုပ်ဖြစ်တဲ့ "တတိယ​​မြောက် အလွမ်းနိဒါန်း" ဆိုတဲ့ စာအုပ်လက်မှတ်ရေးထိုးပွဲနေ့ပါ။

"အကို့ရဲ့ 'first love' ဆိုတဲ့ ပထမဦးဆုံးဝတ္ထုလေးကို ညီမသိပ်ကြိုက်တာ"

"အကောင်းဆုံးကြိုးစားခဲ့တာလေးကိုအသိအမှတ်ပြုပေးလို့ကျေးဇူးပါဗျာ့ ဆက်ပြီးတော့လည်းကြိုးစားသွားပါ့မယ်နော်"

"မေ....."

နှိုင်းဒီကာ ရဲ့မန်နေဂျာကိုခပ်တိုးတိုးခေါ်လိုက်တယ်။

"ဘာလို့လဲ နှိုင်း?"

"နှိုင်းနည်းနည်းမောလို့......."

"ခဏလေးနော် နှိုင်း မေ Break Time သွားတောင်းပေးမယ်"

"ကျေးဇူးနော် မေ"

ချိုသာတဲ့အသံ ခပ်ပြုံးပြုံးလေးနဲ့ မေ့ကိုရယ်ပြနေတဲ့ နှိုင်းကို မေသိပ်ချစ်တာပဲ......

မေနှင်းခ

နှိုင်းဒီကာဆိုတဲ့ စာရေးဆရာပေါက်စလေးရဲ့ မန်နေဂျာ......
ငယ်ငယ်တည်းက ဆင်းရဲချို့တဲ့ တဲ့မေ့ ဘဝလေးကို အဆင့်အတန်းမခွဲခြားပဲ ကြင်နာပေးခဲ့တဲ့ နှိုင်း ကမေ့ရဲ့မျှော်လင့်ချက်ပါ။

အချစ်ရဲ့နှလုံးသားလယ်ယာမြေ🌱🪴🌴🌳🌲(Bl story)Where stories live. Discover now