အချစ်ရဲ့နှလုံးသား လယ်ယာမြေ-3

10 0 0
                                    

Mono စာဖတ်သူအားလုံးကို အနူးညွှန့်တောင်းပန်ပါသည်။ 

Update ကြာခြင်းဖြစ်တဲ့အတွက်ကြောင့် Mono နိုင်ငံခြားမှာ အခြေကျအောင် ကြိုးစားနေခဲ့ရတဲ့အတွက် အသားမကျသေးတဲ့အတွက် Update တွေ အချိန်အတိုင်းအတာတစ်ခုထိကိုကြာမြင့်သွားခဲ့ပါတယ်။ 

ဒီကရှေ့လျှောက်အတတ်နိုင်ဆုံး Update မှန်အောင်ကြိုးစားသွားပါ့မယ်လို့ ပြောချင်ပါတယ် Mono ရဲ့ stories လေးတွေကို စောင့်မျှော်ပေးကြပါဦးလို့ တောင်းဆိုပါတယ်🙏🏻

ပုပ္ပားကခရီးစဥ်အပြီးမှာ မပြန်နိုင်သေးပဲ ရှမ်းပြည်ဘက်ကို နှိုင်း ခရီးဆက်ခဲ့မိပြန်ပါသေးတယ်

ဒီနေ့ တောင်ကြီးမြို့ရဲ့ ဈေးနေ့...........

ဈေးနေ့ဆိုတာ တောင်ကြီးမြို့ရဲ့ ဈေးဝယ်လို့အကောင်းဆုံးနေ့ အသီးအရွက်တွေဆိုရင်လည်းအလတ်ဆုံးနေ့ ပိုစုံတဲ့နေ့ပေါ့........

နှိုင်း ဒီနေ့မနက်စောစောထပြီး မြှီးရှည်နဲ့ ဖက်ထုပ်စားချင်တာနဲ့ ဟိုတယ်ကနေ မနက်6 နာရီလောက်‌ တောင်ကြီးမြို့ရဲ့ နာမည်အကြီးဆုံးမူလ လက်ဟောင်းဖြစ်တဲ့ ရွှေယင်း ဆိုတဲ့ ဖက်ထုပ်ဆိုင်ကို အစောကြီးရောက်လာဖြစ်တယ် နာမည်ကြီးဖြစ်တဲ့အတွက် စားသုံးသူတွေကလည်း ဈေးနေ့လည်းဖြစ်တာကြောင့် စည်ကားနေတာပေါ့......

မနက်စာ စားပြီးတော့ ဟိုတယ်မပြန်သေးပါ
နှိုင်း ဈေးဘက်ကိုဝင်ခဲ့လိုက်တယ်......

နှိုင်းဒီမြင်ကွင်းကိုသိပ်သဘောကျတာပဲ ၊ဖြူစင်တဲ့ တိုင်းရင်းသား‌အပြုံး‌တွေ ရိုးသားတဲ့သူတို့စိတ်ရင်းခံတွေ နှိုင်းသိပ်သဘောကျသည်။

နှိုင်းကအသီးအရွက်သိပ်ကြိုက်သည်.....
ရန်ကုန်မှာဈေးသိပ်ကြီးတဲ့ တောင်ကြီးအခေါ် စူကာညွှန့်(ဖရုံရွက်လို့ခေါ်သလား) အရမ်းလတ်တာနဲ့ ဘာရယ်မဟုတ်ဘူး နှိုင်းဝယ်ခဲ့မိသေးသည်။

"ကလေး ဘာလိုလဲ ကြည့်လေ စူကာညွှန့်တွေလတ်တယ် အမိုးမနက်ကမှခူးလာတာ ဗိုလ်စားပဲသီးတွေလည်း လတ်မှလတ်"

အချစ်ရဲ့နှလုံးသားလယ်ယာမြေ🌱🪴🌴🌳🌲(Bl story)Where stories live. Discover now