"ကိုယ့်နာမည် သတိုးတေဇ........."
လူကြီးမင်းတို့ဖြစ်ဖူးကြလား?
လူတစ်ယောက်နဲ့တွေ့ရင် ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့အရာတွေရပ်တန့်သွားတာမျိုး........
လူကြီးမင်းတို့ကြုံဖူးလား?
လူတစ်ယောက်ရဲ့ အသံလေးက နားထဲမှာ အကြိမ်ရေပဲ့တင်ထပ်ကျန်ခဲ့တာမျိုး........
လူကြီးမင်းတို့ ခံစားဖူးကြလား?
ထိုလူသားနဲ့မှမဟုတ်ရင် ဘယ်အရာကိုမှ မလိုချင်လောက်အောင် ထိုလူသားမှထိုလူသားဖြစ်နေတာမျိုး.......
ကျွန်တော် "သတိုးတေဇ"သည် ယနေ့ကစ၍ နှိုင်းဒီကာကလွဲပြီး မည်သူ့ကိုမှ တပ်မက်တော့မည်မဟုတ်ပါ။
"သတိုးတေဇ......."
နှိုင်း၏နှုတ်ဖျားကနေထွက်လာသည့် သူ့အမည်နာမသည် ကမ္ဘာပေါ်တွင် နားထောင်လို့အကောင်းဆုံးသံစဥ်ဖြစ်နိုင်သည်။
(အဲ့လောက်တောင်ချစ်တတ်သလား ကိုကို ရယ်)
မျက်စိရှေ့က၏လူသားလေးမျက်နှာ လုံးလုံးလေးသည် စွဲမက်ဖွယ်ရာအတိ
သူမသိအောင် သူ့နောက်ကနေတိတ်တိတ်လေးလိုက်ကြည့်နေတာ ဒီနေ့နဲ့ဆို သုံးလတင်းတင်းပြည့်တော့မယ် သိပ်အလုပ်ရှုတ်လွန်းလို့ အပျော်ခရီးမထွက်ခဲ့တာ ကြာနေတဲ့ သတိုးတေဇ အတွက် ဒီသုံးလ လုံးလုံး ဒီလူသား သေးသေးလေး သွားသမျှ ခရီးစဥ်တွေနောက်လိုက်ရင်း ညဆိုအလုပ်လုပ် မနက်ဆို ဒီလူသားလေးနောက်လိုက်နဲ့ အိပ်ချိန်တောင် မရှိသလောက် ဖြစ်ခဲ့ရသည်။
"ကျွန်တော့်နာမည် နှိုင်းဒီကာပါ နှိုင်းလို့ခေါ်လို့ရပါတယ်"
"နှိုင်း......"
"ဟုတ်ကဲ့"
"အလည်လာတာလားဒီကို?"
"အင်း ဟုတ်တယ် နှိုင်း အလုပ်က တခါတလေ တောင်ပေါ် ဓလေ့လေးတွေပါ လိုအပ်လို့ ခရီးလေးတွေထွက်ရင်း လေ့လာနေတာ"
"နှိုင်းက ဘာအလုပ်လုပ်တာလဲ?.....Sorry နှိုင်းအဆင်ပြေမှပဲ ဖြေပါ"
"ဘာမှမဖြစ်ပါဘူး နှိုင်းဖြေပေးလို့ရပါတယ််....."
"နှိုင်းကတက်သစ်စ စာရေးဆရာပေါက်စပါ အခုထိတော့ အောင်မြင်တယ်ဆိုတဲ့အတိုင်းတာအထိကိုမရောက်သေးပါဘူး"
YOU ARE READING
အချစ်ရဲ့နှလုံးသားလယ်ယာမြေ🌱🪴🌴🌳🌲(Bl story)
Romanceဒီ (Bl story)ဇာတ်သွားကို မင်မင် state schoolတုန်းက ရင်နဲ့နင့်အောင်ရေးခဲ့ရတဲ့ဇာတ်သွားလေးရေးမယ်လို့ဆုံးဖြတ်ထားတယ်။ ဒါက မင်မင်ရဲ့ အတော်ကြာမှထွက်လာတဲ့ come backလေးမို့လို့အားပေးကြပါဦးနော်။🙏 သတိုးတေဇ ငါတစ်ကိုယ်ကောင်းဆန်စွာမင်းကိုပစ်ထားခဲ့မိသမျှ မင်းမရှိ...