Part 12(Unicode)

626 45 0
                                    

"တီတီ.........တီ........"

"ဟုတ်ကဲ့အစ်မ.......ပြောပါ......။"

"အခုဘယ်ရောက်နေပြီလဲ....."

"လူစုမယ့်ဆီကိုသွားနေတာပါ"

"ဂရုစိုက်ကြအုံးနော်....။ တစ်ယောက်ထဲလျှောက်လျှောက်မသွားကြနဲ့.......။

မယ်ငြိမ်းကိုလည်း ကြည့်ထားပေးပါအုံး။ ဒီကောင်မလေး ကျန်းမာရေးကမကောင်းဘဲနဲ့ သွားချင်တယ်ဆိုလို့သာ လွှတ်လိုက် ရတာ.......။ ရဲလူရယ်.....မောင်လေးကိုအပ်ပါတယ်နော်....။ ချောင်းတွေဘာတွေဆိုးလာရင် ချက်ချင်းပြန်လွှတ်လိုက်.......။ "

"ဟုတ်ကဲ့ပါဗျာ.......၊စိတ်ချပါ......"

မသိမ့်ဆီကဖုန်းကျသွားတဲ့နောက် နောက်ဖုန်းတစ်လုံးဆက်ဝင်လာသည်။

"တီတီ........"

"ပြောပါ......အစ်ကိုတော်........"

"မယ်ငြိမ်းကိုသေချာစောင့်ရှောက်လိုက်အုံးနော်၊ မျက်စိအောက်ကမပျောက်စေနဲ့.....။

"တကယ်ဘဲ.......၊ဒီအသက်ဒီအရွယ်ကြီးကို ဘာတွေစိုးရိမ်နေကြတာလဲ........။

ကျန်းမာ‌ရေးနဲ့ပတ်သတ်ရင် စိတ်မပူပါနဲ့ လို့ကျွန်တော် အကြိမ်ကြိမ် ပြောပြီးပြီ.....။"

"အေးပါကွာ..........။ သိမ့်ကတတွတ်တွတ်မှာနေတာ........။

အဲ့တာဆိုလည်း နောက်ထပ်မဆက်တော့ဘူး......၊ စိတ်ချမယ်နော် "

ရဲလူလည်း အောင့်သက်သက်နဲ့ဖုန်းကိုချကာ သက်ပြင်းတစ်ချက်ပါချ လိုက်သည်။

လူကြီးတစ်ယောက်ကို ကလေးတစ်ယောက် လိုက်ထိန်းသလိုထိန်း နေရမည့် အလုပ်ကိုတော့ရှယ်မုန်းပါသည်။ သူ့ဘာသူလုပ်ချင်ရာလုပ် ပါစေ၊ သူမထိခိုက်ရင်၊ ကျန်းမာနေရင် ပြီးရောဟုသာတွေး ထားလိုက်သည်။ ထိုသို့တွေးလိုက်မှ ဝန်ထုပ်ကြီးကျသွားသလို ခံစားလိုက်ရသည်။

ရဲလူကစုရပ်ဖြစ်သော အမှတ်သုံးလမ်းဆုံဆီသို့ ဘတ်စ်ကားစီးကာ လာခဲ့သည်။ အုပ်စုလိုက်မီနီဘတ်စ်အဝါလေးငှားကာ စုသွားကြမှာမို့ ကားကိုထားခဲ့ရသည်။ အချိန်ကိုကြည့်လိုက်တော့ မနက်ခြောက် နာရီပင်ထိုးတော့မည်။ ညဘက်လမ်းခရီးက အန္တရာယ်များသဖြင့် ရဲလူတို့က နေ့ဘက်စောစောတွင် ခရီးသွားဖြစ်သည်ကများသည်။ ရဲလူက လူငယ်ဆန်ဆန် ဂျင်းအမည်းရောင်လေးနှင့် အဖွဲ့၏ဆင် တူအင်္ကျီဖြစ်သော ဖြူလွလွ T-shirt ပေါ်မှာ တစ်ယောက် ကိုတစ်ယောက်ဖေးမကူညီနေဟန် လက်ကလေးနှစ်ဖက်က ဘယ်ဘက် ထောင့်လေးမှာ ခပ်ဝိုင်းဝိုင်းလေးဖြစ်၏။ ရဲလူအတွက် တော့ လိုအပ်မည့်ပစ္စည်းပစ္စယတွေကို လွယ်အိတ်ကြီးကြီးထဲ စုထည့်ကာ ခုနစ်ရက်စာဟုဆိုသော်လည်း လိုလိုပိုပို ထည့်လာခဲ့သော ဆယ်ရက်စာအဝတ်တွေကတော့ လက်ဂေ့ချ်ခပ်သေးသေးထဲမှာ.....။ အိမ်ထဲက ကပျာကယာထွက်လာခဲ့ရ၍ ဖိနပ်ကြိုးမချည်ရသေးမှန်း အခုမှသတိထားမိသွားသည်။

ချစ်ခြင်းရယ်လို့ကြွင်းကျန်ရစ်ခဲ့မည်Where stories live. Discover now