Part 15(Zawgyi)

201 6 0
                                    

မယ်တို့နားနေသည့်ခြံဘက်ကိုပြန်ရောက်တော့ အညာချက်ထမင်း ဝိုင်းနှင့် ထိပ်တိုက်ဆုံသဖြင့် မောပန်းခဲ့တာတွေ ဘယ်နားရောက်သွား မှန်းမသိ.......။ လသာသာညရောင်အောက်မှာ ထမင်းဝိုင်းကြီးနှစ် ဝိုင်းချကာ အလျှံအပယ်ကျွေးမွေးနေတာပင်၊ အချို့သူတွေကတော့ စားပြီး၍အိပ်ဖို့တောင် ပြင်ကြပြီ...။

စိုးနောင်က ချွေးသံတရွှဲရွှဲနှင့် အထဲကိုလျှောက်လာနေသော ရဲလူတို့ကိုတွေ့သဖြင့် လှမ်းနောက်သည်။

"မင်းတို့တွေချွေးတွေရွှဲနစ်နေတာဘဲ........၊ဘယ်လုပ်နေကြတာလဲ...."

"စိန်ပြေးလိုက်တိုင်းကစားနေတာ......."

"နှစ်ယောက်ထဲလား......၊"

"မဟုတ်ဘူး၊ ညိုမတို့အုပ်စုနဲ့......"

"အယ်........ရဲလူတို့ကတော့ လက်မြန်တယ်.........၊ ကောင်မလေးတွေ နဲ့တောင် အထာပေးနေပြီ......။"

"ဟေ့ကောင်.......၊ ညိုမဆိုတာ ခွေးနာမည်ကွ.......။"

ရဲလူကသိရဲ့သားနဲ့သက်သက်မဲ့ အရွဲ့တိုက်နေသော စိုးနောင်ဆီတန်း သွားကာ လက်သီးနှင့်ရွယ်သည်။ သူတို့တော့ မသိပါ၊ ဘေးနားကကြည့်နေရတဲ့သူတွေကတော့ သူတို့နှစ်ယောက်ရဲ့ အပြုအမူတွေကြောင့် အူလှိမ့်နေအောင် ရယ်လိုက်ရသည်။

အငွေ့တထောင်းထောင်းထနေသော ဆန်ကွဲထမင်းက တောချဉ်ပေါင် ဟင်းနှင့် ငပိရည်တို့စရာ အစုံအလင်တို့နဲ့တွဲလိုက်တော့ စားကောင်းလှသည်။ ကြက်သားဟင်းကအဆီတဝင်းဝင်းနှင့်၊ သုံးထပ်သားဝက်သားကလည်း အဆီတုံးကြီးတွေ ထင်းလို့.......။ ဟော.........တစ်ဖက်မှာလည်း ငါးပေါင်းအနံ့လေးက မွှေးနေရော......။ မယ်လည်းဘာစားလို့ စားရမယ်မှန်းမသိဖြစ်နေတဲ့အတွက် တစ်မျိုးစီနည်းနည်းချင်းခပ်ကာ ထည့်လိုက်သည်။ ရွေးချယ်ရခက်နေရင် အကုန်သာရွေးချယ်လိုက်ပါတဲ့.........၊ ဘယ်သူပြောလဲလို့ မေးရင် မယ်ပြောတာပါဘဲ။ မယ်ကစိတ်ကျဉ်း ကျပ်ရမည့် အခြေအနေကို သိပ်မုန်းတာ......။

ခုနက အူယားဖားယားပြေးလာခဲ့ရတဲ့အတွက် ဗိုက်ကလည်း ဆာလောင်နေသဖြင့် အားနာနာနှင့်ပင် သုံးခါထောင် ထမင်းထပ်ယူမိသည်။ ရဲလူက မယ့်ကို တော်တော်စားနိုင်တာဘဲ ဟုအံ့သြသယောင်ယောင် ပြောဆိုနေသော်လည်း သူလည်း သုံးပန်းကန်စားခဲ့တာပင်......။

ချစ်ခြင်းရယ်လို့ကြွင်းကျန်ရစ်ခဲ့မည်Tahanan ng mga kuwento. Tumuklas ngayon