Part 27(Unicode)

640 46 0
                                    

သာယာလှပသော ခရစ်စမတ်ညလေးတစ်ည၌......

"Happy Birthday ပါမယ်........၊"

ဟုဆိုကာ ရဲလူက ဖဲကြိုးနီလေးစည်းထားသော ဘူးလေးတစ်ဘူးကို မယ့်ဆီကမ်းပေးလိုက်ပြီး မယ်ကနွေးထွေးပျူငှာစွာ ပြုံးပြကာ ဖွင့်ကြည့်လိုက်သည်၊ လှပသေသပ်စွာသိုးမွေးဖြင့် ထိုးထားသည့် နီညိုရောင် မာဖလာလေးတစ်ထည်......၊

မယ်ကလက်ဆောင်ကိုသဘာကျကာ ဝမ်းသာအားရ ရဲလူကိုကြည့် ကာဆိုသည်.....၊

"ကျေးဇူးပါ........၊ "

"ကဲ.........ကိတ်မုန့်ခွဲရအောင်.........၊"

ဗိုက်ဆာနေသည့်ပုံပေါ်သော သိမ့်ကာကိတ်မုန့်ဆီကိုသာ အာရုံရောက်ကာ အဖြူရောင်ကိတ်လေးပေါ် ချယ်ရီသီးလေးများနှင့် စာတန်းလေးသာရေးထားသော ရိုးရိုးရှင်းရှင်းကိတ်လေးက တစ်မျိုးလှပနေသည်။ မင်းလူကမီးဖိုခန်းထဲက ပန်းကန်အချို့နှင့် ဓားမကြီးတစ်ချောင်းယူလာသဖြင့် သိမ့်ကာမျက်မှောင်ကြုတ်ကာ လှမ်းအော်လိုက်သည်။

"ကြက်သားခုတ်တဲ့ဓားကြီးနဲ့ ဘာကိစ္စကိတ်မုန့်ခွဲမှာတုန်း.......၊ ဝယ်လာတုန်းက ဆိုင်ကထည့်ပေးလိုက်တဲ့ အိတ်ထဲမှာပါတယ်......၊"

ထိုအခါမှ မင်းလူကဟားခနဲရယ်ကာ ဓားကိုပြန်သွားလဲလာသည်။ သိမ့်ကကိတ်မုန့်ပေါ်မှာ ဖယောင်းတိုင်အချို့ထိုးစိုက်လိုက်သည့်အခါ ရဲလူကကိတ်မုန့်ပေါ်က စာတန်းကိုသတိထားမိသွားဟန်ဖြင့် နားမလည်နိုင်စွာကြည့်နေသော်လည်း ဘာမှတော့မမေးလာခဲ့သေးပါ။ ဟက်ပီးဘတ်ဒေးသီချင်းကို လေးယောက်လုံးပြိုင်တူ သီဆိုလိုက်ပြီး သီချင်းဆုံးသည့်အချိန် မယ်ကပြုံးရယ်ကာ ဖယောင်းတိုင်မီးကို ဖူးခနဲမှုတ်လိုက်သည်၊ ထို့နောက် ကိတ်မုန့်ကိုသေသပ်စွာခွဲပြီး တစ်ယောက်ချင်းစီ လိုက်ခွံ့လိုက်သည်။ ထိန်လင်းနေသော မီးရောင်အောက်က ဧည့်ခန်းကြီးကတော့ ရဘ်သံများဖြင့် အသက်ဝင်၍နေပါသည်။ ကိတ်မုန့်တွေစားပြီး သိမ့်တို့အဝေးကိုရောက်သွာတော့ မှ ရဲလူကမယ့်ကို ခပ်တိုးတိုးလှမ်းမေးသည်။

"မယ်က ဘယ်နှနှစ်ပြည့်တာတုန်း....၊"

"နှစ်ဆယ့်ကိုးနှစ်ပြည့်တာလေ......၊ကိတ်မု့န်ပေါ်မှာ ရေးထားရဲ့သား........"

ချစ်ခြင်းရယ်လို့ကြွင်းကျန်ရစ်ခဲ့မည်Opowieści tętniące życiem. Odkryj je teraz