19

607 83 9
                                    

-Uni Code

နွေဦးရဲ့လေရူးတွေဟာ တဖြူးဖြူးလေးတိုက်တယ်။ခပ်ဝေးဝေးကားလမ်းမက ဖုန်မှုန့်တစ်ချို့က လေနဲ့အတူပါလာတယ်။သူသောက်နေတဲ့ စီးကရက်ရဲ့ အငွေ့တွေကိုလည်း လေကထပ်ပြီးသယ်ဆောင်သွားတယ်။

မျက်စိဖုံးချင်ချင်ဖြစ်နေတဲ့ ဆံပင်ရှည်တွေကို နားရွက်နောက် ညှပ်လိုက်ပြီး မီးသေခါနီးဆေးလိပ်ကို တံခါးဘောင်နဲ့ ထိုးငြိမ်းလိုက်တယ်။

"ဗိုက်ဆာနေပြီလား Rainy"

မဲလုံးလုံး အကောင်ငယ်ဟာ ခြေထောက်နားကို လာရပ်တော့ Gulf က သူ့ကိုကိုယ်ပေါ်ပွေ့ချီလိုက်တယ်။

Rainy(ကြောင်)လေးဟာ အရင်လိုပဲ လူအရမ်းကပ်တယ်။ထူးခြားတာဆိုလို့ သူဟာတစ်ကောင်တည်းမဟုတ်တော့ဘူး နောက်လိုက်ကြောင်ပေါက်စလေးတွေနဲ့ Rainy ဟာ မိသားစုနဲ့ဖြစ်နေပြီ။

ငါးလ...

ငါးလတောင်ရှိသွားပြီ။အိပ်မက်ဆိုးတွေမက်နေခဲ့တာ ငါးလ။စီးကရက်တွေသောက်ဖြစ်လာတဲ့ ငါးလ။အရက်တွေသောက်တတ်လာတဲ့ ငါးလ။တစ်နည်းအားဖြင့် အကိုနဲ့အတူမဟုတ်တော့တဲ့ ငါးလဆိုတဲ့အချိန်။

အချိန်တွေဟာသိပ်မြန်ပါတယ်။အောက်ထပ်က အန်တီမေရီဆိုတဲ့ အဘွားတောင် သေဆုံးသွားခဲ့ပြီ။အချိန်တွေမြန်သလို သေခြင်းတရားကလည်း ယုံရခက်ခက်ပါပဲ။

အခုဆို Gulf ဟာကော်ဖီဆိုင်က အချိန်ပိုင်းကောင်လေးသက်သက်ပဲမဟုတ်တော့ဘူး။အင်ဂျင်နီယာနဲ့ ကျောင်းပြီးထားတဲ့ သူက ကုမ္ပဏီတစ်ခုမှာ အိမ်တွင်းအလှဆင်တဲ့ ရာထူးတစ်ခုရထားတယ်။

ဒီလတွေထဲ အဆင်ပြေနေခဲ့ပေမယ့် Gulf မပျော်ခဲ့တာတော့သေချာတယ်။တစ်ခါက သူ့လူဖြစ်ခဲ့ဖူးတဲ့ အကိုကတော့ တစ်ကြိမ်တော့ဆက်သွယ်လာခဲ့ဖူးတယ်။

ဆောင်းရာသီရဲ့တစ်ခုသော ညနေခင်းမှာ Gulf စီကို စာအိတ်လေးတစ်ခုရောက်လာတယ်။လိပ်စာအသေအချာထည့်ထားတဲ့ စာအိတ်အညိုလေးထဲမယ် အပြာရောင် ကဒ်လေးတစ်ကဒ်ကို တစ်ခုတ်တရလေးထည့်ထားတယ်။

Mew Suppasit...

အသေအချာပုံနှိပ်ထားတဲ့ မင်္ဂလာဆောင်ဖိတ်စာလေးရဲ့ သတို့သားနေရာမှာ အကို့နာမည်လေးတပ်ထားတယ်။အဲ့ဒီနာမည်လေးနောက်မှာတော့ Anna ဆိုတဲ့ စားလုံးလှလှလေးတွေ။

Clover /complete/Where stories live. Discover now