-Uni Code
ချင်းမိုင်မြို့ရဲ့ main လမ်းမပေါ်မှာ ကားအဖြူလေးက အရှိန်နှုန်းမှန်မှန်လေးနဲ့ပြေးတယ်။Idel town ဆိုတဲ့ သီချင်းလေးက ကားထဲမှာ ခပ်ရေးရေးလေးလွင့်တယ်။
အပြင်ဘက်မှာတော့ ကောင်းကင်ကကြည်ပြီး မိုးကျမယ့်အရိပ်အယောင်မတွေ့ရဘူး။နေရောင်ခြည်လေးကနွေးနွေးလေးဖြစ်တယ်။
"ဘယ်သွားမှာလဲ အကို"
သူမေးလိုက်တော့ အကိုက မှိုင်းပျပျမျက်လုံးတွေနဲ့တစ်ချက်ကြည့်ရင်း ခေါင်းရမ်းပြတယ်။
"မသိပါဘူး မင်းဘယ်သွားချင်လဲ"
"ကျွန်တော်လား"
အကိုက သူ့ရဲ့ ဆုံးဖြတ်ချက်ကို မေးတော့ Gulf ရင်ထဲ အပူလှိုင်းလေးဖြတ်ပြေးသွားသေးတယ်။
"သွားချင်တဲ့နေရာရယ်လို့တော့ ရေရေရာရာမရှိပါဘူး၊ဒါပေမယ့် ပင်လယ်ကိုမြင်ဖူးချင်တဲ့ဆန္ဒလေးတော့ ငယ်ငယ်ကတည်းရှိဖူးတယ်"
"ပင်လယ်လား Ok လေ မင်းအကြံလေးကသိပ်တော့မဆိုးလှဘူး"
အကိုက မြို့ထဲမှာတင်ပတ်မောင်းနေတဲ့ ကားရဲ့လမ်းကြောင်းကို မြို့ပြင်စီကိုပြောင်းလိုက်ပြီဖြစ်တယ်။ချင်းမိုင်မြို့လေးက နောက်မှာ တရိပ်ရိပ်နဲ့ကျန်နေခဲ့တယ်။မြို့ပြင်ကိုရောက်လာတာနဲ့အမျှ အကိုက ကားကို အရှိန်လေးမြင့်ပြီးမောင်းတယ်။
"ဒါနဲ့လေ အကိုက ကျွန်တော့ဖုန်းနံပါတ်ကို ဘယ်ကနေဘယ်လို သိတာလဲဗျ"
Gulf က အစကတည်းက သိချင်နေတဲ့မေးခွန်းကိုမေးလိုက်တယ်။အကိုက သီချင်းသံကိုတိုးရင်း Gulf ရဲ့အမေးကိုနည်းနည်းလေး အာရုံစိုက်လာတယ်။
"Sky...သူ့စီက တောင်းလိုက်တာ"
Sky က ကော်ဖီဆိုင်ပိုင်ရှင်ဖြစ်တယ်။Phi Sky နဲ့ အကိုနဲ့က သိနေတာဖြစ်မယ်လို့ Gulf ကကောက်ချက်ချလိုက်တယ်။ဒါတောင် အကိုက ကော်ဖီဆိုင်ကို သူတစ်ယောက်ထဲ ရှိတဲ့အချိန်တွေပဲ လာတတ်တာတော့ အံသြစရာပဲ။
"ဘာလဲ ကိုယ် ဖုန်းဆက်တာသဘောမကျလို့လား"
"မဟုတ်ပါဘူးဗျ သဘောကျပါတယ် အာ သဘောကျတယ်ရယ်လည်းမဟုတ်ဘူး အယ် ရှုပ်ကုန်ပြီ"
ESTÁS LEYENDO
Clover /complete/