25

591 78 0
                                    

-Uni Code

ဒီနေ့ရဲ့ မနက်ခင်းကိုတော့ ပျာယာခတ်ခြင်းနဲ့စတင်လေရဲ့...

နွေဦးမနက်ရဲ့ ခပ်စောစောအချိန်မှာ စားပွဲပေါ်ကဖုန်းလေးဟာ အသံကျယ်ကျယ်မြည်လာခဲ့တယ်။ဝိုးတိုးဝါးတား အမြင်အာရုံထဲမှာ အကိုမျက်မှောင်တွေကြုတ်လိုက်တာကိုတော့ တွေ့လိုက်ရတယ်။

ဝေလီဝေလင်းနေတောင်မထွက်သေးတဲ့အချိန်မှာ ဆက်လာတဲ့ဖုန်းကို ဒီအတိုင်းထားလိုက်ဖို့ပဲတွေးထားပေမယ့်ဖုန်းဆက်လာတဲ့သူက Anna ဖြစ်နေတော့ သက်ပြင်းမောတစ်ခုကိုပဲ ချမိတယ်။

ဘယ်လိုမှမတတ်နိုင်တဲ့အဆုံး စားပွဲပေါ်က ဖုန်းကိုဆွဲယူပြီးဖွင့်လိုက်တယ်။

သူမအသံက အရမ်းကိုစိတ်လှုပ်ရှားနေတဲ့အသံမို့ အော်နေတဲ့ပုံပါပေါက်တယ်။မပီမသစကားသံတွေကို သူတို့နှစ်ယောက်လုံး နားစိုက်ထောင်နေရတယ်။

"နင်တို့နှစ်ယောက်လုံး အခုချက်ချင်းဆေးရုံကိုလာခဲ့"

ပြောပြီးတာနဲ့ ဖုန်းချသွားတော့ အကိုရော Gulf ရော တစ်ယောက်ကိုတစ်ယောက် ခပ်ကြောင်ကြောင်လေးကြည့်နေမိကြတယ်။အဆုံးမရှိ အစမရှိ စကားကြီးဖြစ်တာကြောင့် Anna မူးနေတာလားလို့တွေးမိတဲ့အထိပဲ။

တော်တော်အချိန်ယူပြီးခါမှ ဆေးရုံသွားဖို့ပြင်ရတယ်။အကိုက ကားမောင်းဖို့အဆင်မပြေသေးတဲ့အတွက် Bus စီးဖို့တွေးထားတယ်။အစောဆုံးကားဖြစ်လို့ ကားပေါ်မယ် လူတော့သိပ်မရှိဘူး။

ဆေးရုံနဲ့ ကွန်ဒိုနဲ့က သိပ်ဝေးတဲ့အနေအထားမဟုတ်လို့ တန်းရောက်သွားပေမယ့် နေထွက်ခါစအချိန်ဖြစ်လို့ မျက်လုံးကတော့ ကောင်းကောင်းမပွင့်ချင်သေးဘူး။

"အဲ့ဒီ ကောင်မလေးတော့ အရေးကြီးကိစ္စမဟုတ်ရင် သတ်ပစ်မယ်"

အကိုက Gulf ပုခုံးပေါ် မှီနေရင်း လမ်းလျှောက်နေရာက မကြေမချမ်းလေးရွတ်တယ်။အကိုလည်း ဘယ်အိပ်ရေးဝပါ့မလဲ ညက အိပ်ရေးပျက်ထားတယ်မလား။

"ဒါနဲ့ မင်း ဘာလို့ လည်ပင်းပိတ်အနွေးထည်ကြီးဝတ်တာလဲ ပူနေတာကြီးကို"

"ခင်ဗျားကြောင့်လေ"

အကိုက ခပ်သဲ့သဲ့ရယ်တယ်။လည်ပင်းက နီရဲရဲ အကွက်တွေကိုဖုံးဖို့ဆို ဒီလိုအနွေးထည်ဝတ်မှပဲရမယ်။မဟုတ်ရင် Anna ရှေ့မှာ ခြင်ကိုက်ရာဆိုပြီး မျက်နှာပြောင်တိုက်ပြရအုံးမှာ။

Clover /complete/Hikayelerin yaşadığı yer. Şimdi keşfedin