26

624 86 0
                                    

-Uni Code

"ချစ်သောရေ ထတော့ကွာ"

နေအလင်းရောင်ပျပျလေး အိပ်ခန်းထဲဝင်မလာခင်မှာ အသံသြရှရှလေးကိုအရင်ကြားရတယ်။မနက်ခင်းရဲ့ ပုံမှန်နှိုးစက်လေးဟာ နာရီမြည်သံလေးမဟုတ်ဘဲ နွေးနေတဲ့အနမ်းလေးတစ်ပွင့်ဖြစ်ကြောင်းကိုလည်း Gulf က ကျင့်သားရနေပြီးသားဖြစ်တယ်။

ပုခုံးအောက်လျော့လျော့ ခြုံထားတဲ့စောင်ကို မျက်နှာတစ်ဝက်လောက်ထိ ဆွဲခြုံလိုက်တယ်။ချင်းမိုင်ရဲ့ ဆောင်းတွင်းမနက်တွေဟာ သိပ်အေးတာပဲ။

"ကိုယ် နောက်ကျတော့မယ့် ကလေးငယ်ရာ"

ညူညူစူစူစကားသံလေးကို Gulf ကလျစ်လျူလိုက်တော့ သက်ပြင်းချသံသဲ့သဲ့ကိုကြားလိုက်ရတယ်။

ပြီးတော့ ကိုယ်လုံးကိုလာပွေ့တဲ့ ခပ်နွေးနွေးအထိအတွေ့...

စောင်နဲ့လုံးထွေးရစ်ပတ်နေတဲ့ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အကိုကမြှောက်ချီလိုက်တယ်။ဒီအနေအထားတွေဟာ နေသားကျနေပြီမို့ ထူးပြီးတော့ တအံ့တသြလေးတော့မဖြစ်မိဘူးရယ်။

အကို့ကျန်းမာရေးအခြေအနေအနေတွေ အကုန်အဆင်ပြေသွားတဲ့နောက်မှာ သူတို့နှစ်ယောက်လုံး ချင်းမိုင်ကိုပဲပြန်လာဖြစ်တယ်။ဘန်ကောက်ထက်စာရင် ချင်းမိုင်မြို့လေးက ပိုအေးဆေးတယ်။အဲ့ဒီနောက်တော့ အကို့ရဲ့အိမ်လေးမှာပဲ အတူနေဖြစ်ကြတယ်။အကိုရယ် သူရယ် Rainy နဲ့ကြောင်တစ်သိုက်ရယ်။

"ကိုယ်ပြောပါတယ် ညနက်အောင် အလုပ်မလုပ်ပါနဲ့ဆို"

သွားတိုက်ဆေးထည့်ပြီးသား သွားပွတ်တံကို မျက်စိရှေ့တိုးပေးတယ်။အကိုက သူ့ကို ဘေစင်ဘောင်ပေါ်တင်ပေးထားပြီး သူကိုယ်တိုင်က Gulf ခြေထောက်ကြားမှာ ဝင်ရပ်နေတယ်။

"ဒီဇိုင်းတွေမှ မပြီးတာ အကိုရာ ကျွန်တော်လဲ ဘယ်အိပ်ရေးပျက်ချင်ပါ့မလဲ"

မျက်စိဖုံးနေတဲ့ ဆံပင်စတွေကို အကိုက နားရွက်နောက်ညှပ်ပေးတယ်။မျက်လုံးချင်းစုံလာတဲ့အခါ အကိုဟာ သူ့ကိုပြုံးပြီးကြည့်နေတယ်။

"ညနေကိုယ်လာကြိုရမှာလား"

"အင်း လာကြိုလေ ခင်ဗျား ပြခန်းသွားရအုံးမှာလား"

Clover /complete/Donde viven las historias. Descúbrelo ahora