Zawgyi
သူနဲ့ဒေါက်တာကိုကိုရဲ့ ချစ်သူ့သက်တမ်းက အခုဆို 2လ
တောင်ပြည့်ပြီ ဒေါက်တာကိုကိုက တခြားချစ်သူစုံတွဲတွေလိုလည်း မရိုတတ်သလို အရင်စာသင်သလိုတစ်ခုခုဆို ဆူတတ်သည် စိတ်
ကောက်လည်း တစ်ခါနှစ်ခါမှချော့မရရင် ပစ်ထားပြီး ကိုယ့်ဘာသာကိုပဲ စိတ်ကောက်ပြေရသည် တကယ်စိတ်တိုဖို့ကောင်းတဲ့
relationshipကြီး အခုလည်းညကစကားများထားပြီး
သူပန်းချီဝါသနာပါသည်ဟုပြောထားသောကြောင့်Appaကိုယ်တိုင်Joinပေးထားသည့် ပန်းချီသင်တန်းက်ုတစ်ယောက်တည်းသာထွက်လာခဲ့လိုက်သည်အရင်နေ့ကလိုက်ပို့နေကြဒီနေ့လမ်းမှာမြင်သမျှကြည်နူးနေသည့် စုံတွဲတွေကဂျောင်ဆူး
အတွက် ရိုက်သတ်ချင်စရာကြီးတွေပင် စိတ်တိုတိုနဲ့
ခြေထောက် အရှေ့ကဘယ်သူစည်းမရှိကမ်းမရှိပစ်ထားလည်း
မသိသည့် အအေးဘူးကို ကန်လိုက်ရာ အရှေ့ ကလူဆီတန်းကနဲပင်"အာ့ "
"ဟို ဟို ဟိဟိတောင်းပန်ပါတယ်ဗျာ ဂျောင်ဆူးက ကန်တာတခြားကိုပါထိမိသွားတာတောင်းပန်ပါတယ်"
"ရပါတယ် မတော်လို့ကန်မိတာပဲ သက်သက်ကန်မိတာမှမဟုတ်တာ"
"ဟုတ်ကျေးဇူးပါပဲ ဟို ဒီကအကိုက သင်တန်းတက်ဖို့ပဲလား
ဟင်"ဂျောင်ဆူးသူ့အရှေ့က ထောင်ထောင်မောင်းမောင်းနဲ့ချောမောနေ
သည့်အကို ကို စပ်စုလိုစိတ်နဲ့မေးမြန်းမိလိုက်သည် ဒီသင်တန်း
တက်ထဲက အတန်းဖော်သူငယ်ချင်းရေရေရာရာမရှိသေးသည်မို့"မဟုတ်ဘူး အကိုက ဒီသင်တန်းမှာ ပန်းချီသင်ပေးမဲ့ လီရှင်ဝူး
ပါ ""ဗျာ အရင်ဆရာကရော "
"အဲ့တာ အကို့အဖေလေ အဖေအစားအတန်းတွေဝင်ပေးမှာ"
"ဟုတ် ဂျောင်ဆူးနာမည်က ဒိုဂျောင်ဆူးပါ အကို "
ရှင်ဝူး သူရှေ့ ကသွက်လက်တက်ကြွနေသည့်ကောင်လေးကို
သဘောကျစွာကြည့်ပြီး"လာလေ အတန်းထဲတူတူဝင်မယ် အကိုတို့မိတ်ဆွေဖြစ်သွား
ပြီနော်""ဟုတ်"
******
မနက်မိုးလင်းထဲက သူကိုလာကြိုလိုက်ပို့ဟု ဖုန်းဆက်မပြော
သော သာလိကာလေးကိုချန်းယောလ် သတိကရနေပြန်
ညက ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ စကားများခဲ့ကြသည့်သူတို့
ဂျောင်ဆူးကအရမ်းသဝန်တိုတတ်တဲ့ကောင်လေးအရင်ကနိုအာနဲ့ သဝန်တိုတာသည်းခံနိုင်ပေမယ့် အခု ဆေးရုံမှာရှိတဲ့Nurse
ဆေးခန်းမှာရှိတဲ့ သန့်ရှင်းရေးကအစလိုက်တိုနေသည်မို့ သူဖို့
အဆင်မပြေ သိက္ခာပါတစ်ခါတစ်လေ ထိပါးသောကြောင့်
ရှေ့လျှောက်သဝန်တိုနေအုန်းမယ်ဆို သူနဲ့မတွေ့နဲ့တော့ဟု
ပြောလိုက်မိသည်