"ဒိုဂယောင်ဆူး ဒီတစ်ခေါက်လည်းမအောင်ပြန်ဘူးလား"
"မားကလည်း အဆန်းတွေလုပ်နေသေးတယ်"
"ဟဲ့ငါထုလိုက်ရ နင်ဘယ်တော့အောင်မှာလဲဒီစာမေးပွဲ"
"မားကလေ ကိုယ့်သားလေးကိုပဲပြောနေတာ အဲ့တာဆရာမတွေမကောင်းလို့ သူတို့သာမှားနေတာလေးကိုအမှန်ပြင်ပေးလိုက် မားသားခုဆို စာမေးပွဲအောင်နေလောက်ပြီ"
မားကဒီတစ်ခေါက်တော့ အပြောနဲ့မဟုတ်တော့ လက်နဲ့
တကယ်ထထုလိုက်သည် တကယ်မားဆိုတာအဲ့လိုလက်
ပါလိုက်ရမှ"ငါနော် နင့်ကိုတင်ကျွေးထားရတဲ့စရိတ်ကနည်းတယ်များ
ထင်နေလား""သူဌေးမိန်းမကငြီးတယ်ဗျာ"
်ဟုတ်တယ်ဒီသားလေးတစ်ယောက်တည်းရှိတာကို တင်ကျွေးရတာကိုပြောနေသေးတယ်
"ဟဲ့ဒီကောင်လေး မဖြစ်တော့ဘူးနင့်ကိုငါဆရာတစ်ယောက်သေချာဌားပြီး သင်ခိုင်းရတော့မယ် နောက်မို့ဆို ငါ့
ယောင်္ကျားရှာသမျှ နင်ဖြုန်းလို့ကုန်မှာပဲ""awwလို့ပဲပြောတော့မယ် သားကိုဆရာမဌားပေးနော်မား
ဒါမှ စာမေးပွဲမအောင်ရင်တောင်ဆရာမလေးကိုရမှာပေါ့""ကြည့်စာမေးပွဲအောင်အောင်လုပ်မယ်မရှိဘူးသွားတော့နင်ငါ့ရှေ့က"
တမင်သက်သက်ပြောခဲ့တာ ဘယ့်နှယ့် လူကိုဆရာဌားပေးမယ်တဲ့ ဟွန့်မားတို့ဆရာဖြစ်ဖြစ် ဆရာမဖြစ်ဖြစ် ဂျောင်ဆူးကိုတစ်ရက်တည်းနဲ့ လက်လန်သွားစေရမယ်
ယုတ်မာတဲ့အပြုံးနဲ့မားကိုတစ်ချက်လှည့်ကြည့်လိုက်တော့မားကလက်ဝါးထောင်ပြတယ် ဒီလိုသားမိတွေက ကီးကိုက်နေတာ**********
"Johnရာ မင်းစဉ်းစားကြည့် ဒါငါမတော်လို့မှမဟုတ်တာ
ဆရာမတွေကို ကငါ့ကိုချစ်လို့ ကျောင်းဆက်တက်စေချင်တာဖြစ်မယ်""မင်းအသုံးမကျတာထည့်ပြော"
"သူငယ်ချင်းကိုအားပေးမယ်မရှိဘူး"
"မင်းကိုအားပေးရမယ် အော် တော်တော်လေးစိတ်ဆင်းရဲနေတယ်ဆိုတော့မင်းက"
အားပေးခိုင်းတဲ့အကောင်ရဲ့လက်ထဲကြည့်အုန်း ပေါင်မုန့်ကနှစ်လုံး အအေးက လည်းလက်ကမချ ခေါက်ဆွဲကမှာထားသေး အစားနင်ပြီးမသေတာတောင်ကံကောင်း