ဒေါက်တာကိုကို တို့အိမ်ကိုရောက်တော့ ယောက္ခထီးကြီးမျက်နှာမှာ ဒေါသ
တွေဘလင်းဘလင်းနှင့် ဘေးကချောမောလှတဲ့သူ့ယောက္ခမကြီးကတော့
ပြုံးပြုံးလေးနှင့်သူတို့ကိုဆီးကြိုးနေသည်"ချန်းယောလ် မင်းကျောင်းသွားတက်ဖို့သွားတာ ဘယ်လိုလုပ်ဒီကလေးကိုပါတစ်ခါတည်းခိုးသွားရတာလည်း"
"ဂျောင်ဆူးကလိုက်သွားတာပါမခွဲနိုင်လို့လေ ဒေါက်တာကိုကို ဘာမှမမှားဘူး"
သူ့ယောက္ခထီးကြီးက သူ့ကိုကို ကို့ဟောက်မယ်လုပ်နေတာကြောင့် ဂျောင်ဆူး ဝင်ဖြေပေးတော့ သူ့ယောက္ခထီးကြီးရဲ့ ဒေါသသံကြီး ထွက်လာသည်
"ဘာ!"
"အော်လိုက်တာ ဒယ်ဒီကလည်း ဂျောင်ဆူးပြောတာမကြားလို့လားဟင်
ဒါဆို အား.... အား မားနာတယ်""ဒိုဂျောင်ဆူး"
ဘေးကမား သူ့ဗိုက်ခေါက်ကိုလာလိမ်တာကြောင့် ဂျောင်ဆူးဆူပုတ်လျက်သာဒေါက်တာကိုကို့လက်မောင်းကိုဖက်ထားလိုက်သည်
"သားရဲ့သဘောဆန္ဒလည်းပါပါတယ် သားကသူ့ကိုအစောကြီးတည်းက
လက်ထပ်ချင်တာပါ ဂျောင်ဆူးမိဘတွေက ခဏစောင့်ခိုင်းထားတာကြောင့်ပါ""အခုတော့ ဘယ်လိုဆက်လုပ်မလဲ"
"သားတို့လက်ထပ်ပြီး ဂျောင်ဆူးကိုပါတစ်ခါတည်းခေါ်သွားပါမယ် သား
ကျောင်းတက်ပြီးမှ တူတူပြန်လာပါမယ် ဂျောင်ဆူးကပန်းချီ ဝါသနာပါတော့ဟိုမှာ သားသူ့ကိုဆက်လေ့လာခိုင်းမှာပါ""ဖြစ်ပြီးတော့မှတော့ မာမီတို့က ဘာမှမပြောလိုတော့ဘူး နှစ်ဖက်မိဘတွေဆွေးနွေးပြီး လက်ထပ်ဖို့ဆက်လုပ်ကြတာပေါ့ "
"သားတို့ခမ်းခမ်းနားနားကြီး မဆောင်တော့ဘူး မာမီ ဒီတိုင်းပဲလက်မှတ်ထိုးကြမှာပါ"
"မင်းတို့သဘောပဲ လေ "
"ဒယ်ဒီ သားတို့ကိုနားလည်ပေးပါ"
"ကဲပါကလေးတွေလည်းခရီးပန်းလာကြပြီ သွားနားတော့ ဒီနေ့တော့ဒီမှာပဲအိပ်လိုက်ကြတော့ မာမီတို့လူကြီးတွေကျန်တာကြည့်စီစဉ်လိုက်မယ်"