Zaw gyi
ဒေါက်တာကိုကိုနဲ့ခဏလေးတစ်တီတူးပြီးပြန်လာချိန် ဧည့်ခန်းထဲမှာ သူ့ကို
မျက်ထောင့်နီကြီးနဲ့ကြည့်နေသောAppaကိုတွေ့လိုက်ရပြီး"ဂျောင်ဆူး လာအုန်းဒီမှာလာထိုင်စမ်း"
"Nae"
ဂျောင်ဆူး သူ့မားနားကပ်ထိုင်လိုက်ပြီး
"မင်းမားပြောတာအမှန်တွေလား ချန်းယောလ်နဲ့တွဲနေတယ်ဆိုတာ"
"မားပြောတာအမှန်တွေပါAppa"
"မင်းအသက်အရွယ်ကိုပြန်ကြည့်အုန်း ရည်းစားထားရမဲ့အရွယ်လား"
ဟောကြည့် ဒီAppaတစ်ယောက်နဲ့တော့ မူကြိုကလေးများထင်နေလား
မသိဘူးလူကို"Appaကလည်း ဂျောင်ဆူး အရွယ်ကအိမ်ထောင်ပြုရင်တောင်အနည်းဆုံး ကလေးသုံးယောက်လောက်ရမဲ့အရွယ်ဖြစ်နေပြီ"
"ဘာ!" "ဟဲ့ဂျောင်ဆူး"
လင်မယားနှစ်ယောက်လုံးအော်လိုက်တာ
"ဘာလို့ပြိုင်အော်နေတာလဲ အမှန်ပြောနေတာကို"
"ဂျောင်ဆူး နင်တော့ ခေါင်းခေါက်ခံရတော့မယ် စကားကိုသေချာပြောစမ်း"
"မင်းတော့ကွာ"
တကယ်ပဲ လူကိုဆို ဟောက်ဖို့ပဲသိတယ် တစ်ယောက်တည်းမွေးထားလို့
ပဲ" လူက ကလေးစိတ်ကမကုန်သေးဘူး ငါမေးမယ်သေချာဖြေ"
"ဟုတ်"
"ချန်းယောလ်နဲ့က ယူဖို့အထိလား ခဏတွဲတာလား"
"Appa ဒေါက်တာကိုကို ကို အပျော်တွဲစရာလား ယူဖို့ထိတွဲတာပေါ့"
"ဒါဆို မင်းကို ကားဝယ်ပေးဖို့လုပ်ထားတာ မင်းကားနဲ့ချန်းယောလ် ဘယ်
ဟာကိုရွေးမလဲ"မားရဲ့ယောက်ျား သူ့Appaကတော့ လူကိုကလေးလိုမှတ်ပြီ ရွေးချယ်မှု
တွေ မက်လုံးတွေလာပေးနေပြီ တကယ်ပဲသူ့ရည်းစားကိုကြေးလာဖြတ်
နေတယ် လာဘ်လာထိုးနေတာ"Appa နော် ဂျောင်ဆူး ရည်းစားကိုဘာလို့ကြေးလာဖြတ်နေတာလဲ
Appa ဘာပေးပေးမယူဘူး ဒေါက်တာကိုကို ကို့ပဲယူမယ်"