☁️1☁️

12.2K 768 78
                                    

အေဒင် နိုင်ငံဟာဆိုရင်
အဘက်ဘက်က သာယာပြီး
ကုန်သွယ်မှုကောင်းသော
နိုင်ငံလည်းဖြစ်ပေသည် ။

ထိုနိုင်ငံကို တခြားနိုင်ငံမှ
ဘုရင်များကလည်း နှစ်နိုင်ငံ
တစ်နိုင်ငံပေါင်းနိုင်ရေးကို
ကြိုးစားကြပေမယ့်
အေဒင်နိုင်ငံ၏
ဘုရင်ကင်မ်နမ်ဂျွန်းသည်
လာပြီး ကမ်းလှမ်းသည်
များကိုလက်မခံခဲ့ပေ ။

စစ်ဘက်ဆိုင်ရာမှာလည်း
ထူးချွန်သည့် သူများရှိ၍
အေဒင်ကို စစ်တိုက်မည့်
အကြံအစည်ကိုလည်း
မည်သူမျှ မကြံစည်ရဲကြ ။

ဘုရင်သည် အသက်
အရွယ် ငယ်ပေမယ့်
ကြင်ယာတော် တစ်ပါးလည်း
ရှိပေသည် ။

ထူးဆန်းသည်တစ်ခုက
အေဒင်နိုင်ငံ၏ ဘုရင့်
ကြင်ယာတော်သည်
ယောင်္ကျားလေးတစ်ယောက်ဖြစ်ပြီး
ထိုကြင်ယာတော်ကလည်း
သိမ်မွှေ့နူးညံ့ပေမယ့်
ဓားရေးရာတွင်လည်း
ကျွမ်းသူတစ်ဦးဖြစ်ပေသည် ။

" အရှင် .. ယောင်းလေးကို လက်ဆက်ပေးမယ့်ကိတ်စကို
ထပ်ပြီး မစဉ်းစားတော့ဘူးလား ၊ ယောင်းလေးက အချစ်
ကြောင်းလည်း သိပ်သိတယ့်ကလေးမဟုတ်ဘူးလေ "

အေဒင် ဘုရင့်၏ကြင်ယာတော်
ဆော့ဂျင်က ဘုရင့်ကို
လျှောက်တင်နေပေမယ့်
ဘုရင်သည် သူ့လက်ထဲက
လျှောက်တင်ထားသည့်စာတွေ
လောက်ဂရုမစိုက်သည်မို့
ကြင်ယာတော်ဆော့ဂျင်မှာ
စိတ်တိုလာရသည် ။

" ဂျင်လေးရယ် .. ယောင်းလေးက အခုဆို အသက်
၂၀ရောက်နေပြီလေ ၊ ကမ်းလှမ်းထားတယ့် နိုင်ငံကလည်း
ရမ်နိုင်ငံ ၊ ဘုရင်ကလည်း ယောင်းလေးကို စောင့်ရှောက်နိုင်
မယ့်ပုံပါဘဲ ၊ ချစ်လည်းချစ်မယ့်ပုံ ကိုယ်တော်ကြားတာတော့
ရမ်နိုင်ငံဘုရင်က အခုထိ သူစိတ်ဝင်စားတယ့်သူတောင်မရှိ
သေးဘူးတဲ့ ယောင်းက ပထမဆုံးဘဲ "

" ဟူး .. လက်ထပ်ထိမ်းမြားကိတ်စကို ယောင်းကို ကျတော်
မျိုး ဘယ်လိုစပြောရမလဲမသိဘူး အရှင်ရယ် ၊ ယောင်း
လေးကို ဖြစ်နိုင်ရင် ဒီမှာဘဲ ထားချင်တယ် "

" အေဒင်နိုင်ငံရယ့် ထုံးစံကိုက ထိမ်းမြားဖို့ လက်ခံလိုက်ရင်
အက်နိုင်ငံကို လိုက်နေရတာ သဘာဝပဲလေ "

♕︎ Jasmine Of King ♕︎√Where stories live. Discover now