☁️8☁️

3.8K 473 148
                                    

အကျီပိုးသားအဖြူလေးကို
ဘောင်းဘီအဖြူလေးနှင့်
တွဲဝတ်ထားပြီးဖိနပ်အဖြူ
လေးစီးထားသောထယ်ယောင်း
ငယ်ဟာဆိုရင် အတောင်ပံမပါ
သည့်နတ်သားငယ်လေးအလား။

ငယ်ငယ်ကတည်းက
အဖြူရောင်ကိုသာစွဲစွဲ
လန်းလန်းဝတ်ခဲ့သည့်
သူ့အဖို့ အဖြူထည်လေး
အတိုင်းသာနေတတ်ခဲ့
ပေမယ့် ရမ်နိုင်ငံကိုရောက်
လာသည့်အချိန်ကစပြီး
အဖြူထည်အတိုင်းနေလို့
မရဘူးဆိုတာသိလာခဲ့သည်။

ဘယ်သူမဆိုကိုယ့်အပိုင်
လိုသတ်မှတ်ပြီးသားအရာ
တစ်ခုကိုသူများယူမှာမကြိုက်
တတ်ကြဘူးလေ။

ထယ်ယောင်းအနေနဲ့လည်း
လူကြီးကိုချစ်လား၊မချစ်လား
မသိပေမယ့် လူကြီးကသူ့အပိုင်
လို့သတ်မှတ်ထားတာမို့သူများ
လက်ထဲအပါမခံနိုင်ပါ။

အထူးသဖြင့်လီမင်ဝူးဆိုသည့်
ကောင်‌လေး..။

လူကြီးရှေ့မှာတစ်မျိုး
ကွယ်ရာမှာတစ်မျိုးလုပ်
တတ်သည့်ထိုကောင်‌လေးကို
ထယ်ယောင်းကြည့်မရပါ။

စစတွေ့တုန်းကတည်းက
အကြည့်တစ်မျိုးဖြင့်ကြည့်
ခဲ့သည့်ကောင်‌လေးကို
ထယ်ယောင်းမနှစ်မြို့ခဲ့
သလို၊ထိုကောင်လေးကလူကြီး
ကိုဂျွန်လို့ခေါ်တာကိုလည်းမ
ကြိုက်ပါ။

မြွေမြွေချင်းခြေမြင်ရအောင်
လည်းထယ်ယောင်းကမင်ဝူး
လိုယုတ်ညံ့တဲ့မြွေမဟုတ်ဘဲ
မြွေဘုရင်သာ။

‌ဒေါက် ဒေါက် ဒေါက်

တံခါးခေါက်သံကြား၍
အကျီလေးကိုပြန်ပြင်လိုက်
ပြီးသွားဖွင့်လိုက်သည်။

"အကိုထယ်ယောင်းဒီနေ့
ဂျွန်နဲ့ မြို့ထဲပတ်မလို့ဆို"

အပြုံးချိုချိုလေးပေးကာ
ပြောလာသောမင်ဝူးကို
ကြည့်ပြီးထယ်ယောင်း
လည်းအဓိပ္ပာယ်ပါပါပြုံး
လိုက်ကာ ..

"ဟုတ်တယ်.. အကို့ကိုလိုက်ပို့
ပေးမယ်လို့မနေ့ကပြောထားလို့
လေ ၊ ဘာလို့လဲ မင်ဝူး..?!"

"ကျတော်လည်းလိုက်မလို့လေ
အက်တာအကိုထယ်ယောင်းသိ
‌အောင်လာပြောတာ၊ဂျွန်ကကျတော့်
ကိုအတင်းခေါ်နေတော့ ဟင်းး"

♕︎ Jasmine Of King ♕︎√Tempat cerita menjadi hidup. Temukan sekarang