☁️7☁️

3.8K 486 171
                                    

ကုတင်ထက်မှာအိပ်မောကျနေ
သည့်ဂျက်စမင်လေးကိုကြည့်ပြီး
ဘုရင်ဂျွန်မှာအသည်းယားကာ
ချစ်မဝဖြစ်နေရသည် ။

ညစာစားဖို့
တံခါးခေါက်တော့မဖွင့်ပေးတာနဲ့
စိတ်ပူပြီး တံခါးဖွင့်ဝင်ခဲ့တော့
ကလေးငယ်က ကုတင်ထက်မှာ
အိပ်ပျော်နေခဲ့သည် ။

မျက်တောင်ရှည်လေးတွေ
ဖြာကျနေသည့် မျက်လုံး
လှလှလေးကမှိတ်ထား
ပေမယ့် အနုပညာ‌မြောက်
သည့် ပန်းပုလေးနှယ်အိပ်
စက်နေသည် ။

ဒီ ကလေးငယ်ကို
ငယ်ငယ်ကတည်းက
အချစ်ကြောင်းမသိခင်
ကတည်းက သဘောကျကာ
စိတ်ဝင်စားခဲ့ရတာ ။

မကြာခင်မှာ ထိုကောင်လေးက
သူ့ကြင်ယာတော်ဖြစ်လာတော့
မည် ။

နဖူးလေးကို ဖွဖွလေးတစ်ချက်
နမ်းလိုက်ပြီးမျက်နှာလေးကို
ဆက်ငေးနေလိုက်သည် ။

ခနအကြာမှာတော့
ကုတင်ထက်က နတ်သားငယ်
လေးဟာ လူးလွန့်ကာနိုးလာ
ခဲ့သည် ။

" ဝှား .. အယ် လူကြီးဘယ်တုန်းကရောက်
နေတာလဲ ..?! "

နိုးလာသည့် ကလေးက
သူ့ကိုတွေ့တော့လန့်သွားသည်ထင်
စောင်‌လေးကိုရင်ဘတ်အထိအတင်း
ဆွဲထားလေရဲ့ ။

မသိရင်သူကဘဲ အတင်းကြံတော့မည့်
ပုံပေါက်နေသလို ...။

" ညစာစားဖို့လာခေါ်တာ တံခါးမဖွင့်ပေး
တာနဲ့ ကိုယ်‌တော်ဝင်လာခဲ့တာ "

" အာ .. ဟုတ်လားအားနာစရာကြီး "

" ရပါတယ် .. ထတော့ ညစာစားရအောင်လေ "

ထယ်ယောင်းဆံပင်လေးအား
သပ်တင်ပေးကာ ပြောလာသည့်
လူကြီးကြောင့် ထယ်ယောင်းရင်
လေး ခုန်လာပြန်သည် ။

ဒီလူကြီးနဲ့တွေ့တိုင်း
အခုန်မြန်နေသည့် နှလုံးသား
ကို မျက်ကွယ်ပြုမရတာကို
ကခက်လှသည် ။

.
.
.

ထမင်းစားခန်းအထိ
လက်ကိုကိုင်ကာခေါ်လာသော
လူကြီးကြောင့် အိပ်မက်ယောင်
သူပမာ အနောက်ကပါလာသော
ထယ်ယောင်းပါ‌လေ ။

" ဒါကိုယ်တော့်ကြင်ယာတော်လောင်း
ဂျွန်ထယ်ယောင်းတဲ့ ..

ဂျက်စမင် ဒါက အမတ်လီ ကိုယ်တော်
ငယ်ငယ်ကတည်းက ကိုယ်တော့်
ဦးလေးလိုခင်ရတယ့်သူပေါ့ သူ့ဘေးက
သူ့ အမျိုးသမီး လီဟယ်ယောင်းတဲ့
မင်ဝူးကိုတော့သိမှာပါ ၊ သူတို့က ကိုယ်တော့်
မိသားစုလိုဘဲ "

♕︎ Jasmine Of King ♕︎√Donde viven las historias. Descúbrelo ahora