☁️15☁️

3.6K 468 88
                                    

ရမ်ကနေည၁၂ထွက်ခဲ့ပြီးလေယာဉ်၁၀နာရီ
စီးပြီးသည့်နောက်မှာတော့စတားလစ်ရှ်
နိုင်ငံကိုရောက်ရှိခဲ့သည်။

တစ်လမ်းလုံးလည်းဂျောင်ကုနဲ့နမ်ဂျွန်း
မှာမအိပ်နိုင်ကြပါ။

နန်းတော်မှာကျန်ခဲ့သည့်ထယ်ယောင်း
ကိုသာစိတ်ပူနေကြသည်။

နမ်ဂျွန်းအတွက်အချစ်ရဆုံးညီငယ်လေး
ဆို၊ဂျောင်ကုအတွက်ကအချစ်ရဆုံးကြင်
သူလေးမှတ်လား။

"ဟိုတယ်မှာပြန်နားမလားဘုရင်"

"ငါ့ကြင်ယာတော်ကသေရေးရှင်
ရေးဖြစ်နေတာကိုငါကနားရအုံး
မှာလား!!!!!"

မျက်နှာနီရဲကာဟိန်းခနဲထွက်လာ
သည့်အသံကဘယ်လောက်ဒေါသ
ထွက်နေသလဲဆိုတာမြင်နိုင်သည်။

မှူးမတ်တစ်ယောက်ကဂျောင်ကုကို
လာမေးလာသည်မို့စိတ်ကထောင်းခနဲ
ဖြစ်သွားရသည်။

ညီလေးလိုချစ်ရတဲ့မင်ဝူးကဂျက်စမင်
ကိုလုပ်ကြံခဲ့သည်မို့အသေသတ်ပစ်
ချင်သည်ကထိန်းမရကာတစ်လမ်းလုံး
ဒေါသထွက်နေရသည်။

ဂျက်စမင်လေးအသက်ကပိုအရေးကြီး
သည်မို့အကျဉ်းသာချထားစေခဲ့တာ။

ပြန်ရောက်မှဂျက်စမင်လေးခံစားရ
သလိုပြန်ခံစားရအောင်လုပ်မည်
ဖြစ်သည်။

ဒီကိုယ်တော်ကိုထိခိုက်ရင်တောင်
ခွင့်လွှတ်နိုင်သေးပေမယ့်ဂျက်စမင်
ကိုထိခိုက်ရင်တော့ဘယ်တော့မှ
ခွင့်လွှတ်မည်မဟုတ်ပါ။

ပြစ်ဒဏ်ကတစ်ခုတည်း
သေဒဏ်သာ။

ဒါကိုဒီမှူးမတ်အလိုက်မသိဘဲနား
ရန်ပြောနေသည်။

ဂျက်စမင်ကသေရေးရှင်ရေးဖြစ်နေ
တာကိုဒီကိုယ်တော်ကဘယ်လိုစိတ်
နဲ့နားရမှာလဲ။

"ဂျောင်ကုစိတ်လျှော့!

အခုစတားလစ်ရှ်နန်းတော်ကိုပဲ
အရင်သွားကြမယ်ခွင့်ပြုချက်
တောင်းဖို့ကအရေးကြီးတယ်"

နမ်ဂျွန်းကဝင်ပြောမှသာအဆင်ပြေ
တော့သည်။

ဂျောင်ကုကလည်းစိတ်ကိုအနည်း
ငယ်‌လျှော့သွားလေသည်။

နမ်ဂျွန်းလည်းဂျောင်ကုကိုကြည့်ပြီး
သက်ပျင်းချမိသည်။

သူ့ညီငယ်လေးကိုဂျောင်ကုကသိပ်
ချစ်တာတွေ့ရတော့ဝမ်းသာမိပေ
မယ့်သတိမေ့နေဆဲညီငယ်လေးကို
ပြန်တွေးမိတော့စိတ်ပူကာစိုးရိမ်
လာမိသည်။

♕︎ Jasmine Of King ♕︎√Tempat cerita menjadi hidup. Temukan sekarang